နယ်သတင်းများ သတင်းကဏ္ဍ ဦးစီးဌာနသတင်းများ

အာဆီယံအပေါင်း(၃) အရေးပေါ်ဆန်ရိက္ခာ အစီအစဉ်(၃)အရ ကိုရီးယားသမ္မတနိုင်ငံမှ ထောက်ပံ့လှူဒါန်းသော ဆန်တန်ချိန်(၇၄.၄)တန်အား ရွှေကျင်မြို့နယ်နှင့် ​ညောင်လေးပင်မြို့နယ်၊ မဒေါက်မြို့ ရေဘေးသင့်ပြည်သူများသို့ ပေးအပ်လှူဒါန်း

ပဲခူးတိုင်းဒေသကြီး၊ ရွှေကျင်မြို့နယ် နှင့် ညောင်လေးပင်မြို့နယ်၊ မဒေါက်မြို့ရှိ ရေဘေး သင့် ပြည်သူများအား အာဆီယံအပေါင်း(၃) အရေးပေါ်ဆန်ရိက္ခာ အစီအစဉ်(၃)အရ ကိုရီးယား သမ္မတနိုင်ငံမှ ထောက်ပံ့လှူဒါန်းသော ဆန်တန်ချိန်(၇၄.၄)တန်အား ထောက်ပံ့ပေးအပ် လှူဒါန်းပွဲအခမ်းအနားများကို စက်တင်ဘာ (၁၀)ရက်နေ့က ရွှေကျင်မြို့နယ်၊ မြို့တော်ခန်းမ နှင့် မဒေါက်မြို့၊ တရုတ်ဘုံကျောင်းခန်းမတို့တွင် ကျင်းပပြုလုပ်ရာ ပဲခူးတိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးလှမျိုးရွှေ၊ စိုက်ပျိုးရေးဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူး ချုပ် APTERR ကောင်စီဝင် ဦးအေးကိုကို၊ APTERR အတွင်းရေးမှူးရုံး၏ အကြီးအကဲဖြစ်သူ Mr. Champithiya တို့ တက်ရောက်ကြသည်။

ထောက်ပံ့ပေးအပ်ပွဲတွင် ပဲခူးတိုင်းဒေသကြီး လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူး ကြီးလှမျိုးရွှေ က အဖွင့်အမှာစကား ပြောကြား ပြီး ၊ ဒုတိယညွှန်ကြား ရေးမှူးချုပ် APTERR ကောင်စီဝင် ဦးအေးကိုကို နှင့် APTERR အတွင်း ရေးမှူးရုံး အကြီးအကဲ Mr. Champithiya တို့က အာဆီယံအပေါင်း(၃) အရေးပေါ် ဆန်ရိက္ခာ အစီအစဉ်များကို ရှင်းလင်း ပြေားကြား ကြသည်။

ထို့နောက် တာဝန်ရှိသူများက အာဆီယံအပေါင်း(၃) အရေးပေါ်ဆန်ရိက္ခာ အစီအစဉ် (၃)အရ ကိုရီးယားသမ္မတနိုင်ငံမှ ထောက်ပံ့လှူဒါန်းသော ဆန်ရိက္ခာများကို ပေးအပ်ရာ သက်ဆိုင်ရာကိုယ်စားလှယ်များက လက်ခံရယူကြပြီး ကျေးဇူးတင်စကား ပြောကြား ကြသည်။

ယခုလှူဒါန်းသော ဆန်ရိက္ခာများကို ရွှေကျင်မြို့နယ် ရေဘေးသင့်ပြည်သူများအတွက် ဆန်တန်ချိန် (၃၇.၉၂)တန် နှင့် ​ညောင်လေးပင်မြို့နယ်၊ မဒေါက်မြို့ ရေဘေးသင့် ပြည်သူများသို့ (၃၆.၄၈)တန် စုစုပေါင်း ဆန်တန်ချိန် (၇၄.၄)တန် ထောက်ပံ့ပေးအပ် လှူဒါန်းခဲ့ခြင်းဖြစ်ကြောင်း သတင်းရရှိသည်။