ပြည်ထောင်စုအဆင့်သတင်း သတင်းကဏ္ဍ

(၁၁) ကြိမ်မြောက် အာဆီယံဝန်ကြီးများအဆင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုပပျောက်ရေးဆိုင်ရာ အစည်းအဝေးကျင်းပ

(၁၁) ကြိမ်မြောက် အာဆီယံဝန်ကြီးများ အဆင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေး နှင့် ဆင်းရဲမှု ပပျောက်ရေး ဆိုင်ရာ အစည်းအဝေးကို နိုဝင်ဘာလ ၈ ရက် နေ့ နံနက် ၁၁ နာရီတွင် နေပြည်တော်ရှိ Horizon Lake View Resort Hotel ၌ ကျင်းပသည်။

အစည်းအဝေးတွင် အလှည့်ကျ ဥက္ကဋ္ဌ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ က သဘာပတိအဖြစ် တာဝန်ယူ ဆောင်ရွက် သည်။

        အစည်းအဝေးသို့ အာဆီယံ နိုင်ငံများမှ ကျေးလက်ဒေသ ဖွံ့ဖြိုးရေး ဆိုင်ရာ ဝန်ကြီးများ၊ အာဆီယံ ဒုတိယ အတွင်း ရေးမှူးချုပ်နှင့် တာဝန်ရှိသူများ တက်ရောက် ကြသည်။

အစည်းအဝေးတွင် ကဏ္ဍအလိုက် ပူးပေါင်း ဆောင်ရွက်မှုများ၊ စဉ်ဆက် မပြတ် ဖွံ့ဖြိုးမှု ပန်းတိုင်များ၊ ရာသီဥတု ပြောင်းလဲမှုကို ကိုင်တွယ် ဖြေရှင်း ဆောင်ရွက်ခြင်း၊ လူမှု ကာကွယ် စောင့်ရှောက် ခြင်း၊ စက်မှုကဏ္ဍ ပြုပြင် ပြောင်းလဲခြင်းတို့နှင့် ပတ်သက်၍ အကောင် အထည်ဖော် ဆောင်ရွက်မှု များ ကို ခိုင်မာ အားကောင်းစေမည့်မဟာဗျူဟာများ၊ တုန့်ပြန်နိုင် စွမ်းအား ကောင်းမွန်သော ဒေသ တွင်း လူအဖွဲ့အစည်း တစ်ရပ် ဖြစ်ပေါ် လာစေရေး ၊ ဆင်းရဲမှု ပပျောက်ရေး၊ ဒေသ တွင်း ဖွံ့ဖြိုးရေး ကွာဟချက်များ ကျဉ်းမြောင်း လာစေရေး စသည့်တို့၏ အရေးပါမှုတို့အပေါ် သဘောထား အမြင်များ အား ဆွေးနွေး ဖလှယ် ခဲ့ကြ ပြီး စဉ်ဆက်မပြတ် ဖွံ့ဖြိုးမှုပန်းတိုင် (၂၀၃၀) နှင့် အာဆီယံမျှော်မှန်းချက် (၂၀၂၅) တို့အား ပြည့်မီနိုင်စေရန် လက်ရှိ အကောင် အထည်ဖော်မှုများကို အရှိန် အဟုန် မြှင့် ဆောင်ရွက် သွားနိုင်မည့် နည်း လမ်းများကို ဆွေးနွေးခဲ့ကြသည်။

ထို့အတူ  တုန့်ပြန်နိုင်စွမ်းအား ကောင်းမွန်သော၊ ရေရှည်တည်တံ့သော၊ အားလုံး ပါဝင်နိုင်သော အာဆီယံ အသိုက်အဝန်း တစ်ရပ် ဖြစ်ပေါ် လာစေရေးအတွက် နိုင်ငံအဆင့်၊ ဒေသအဆင့် မူဝါဒရေးရာ ဆောင်ရွက်ချက်များ ကို အာဆီယံဒေသတွင်းနိုင်ငံများမှ အားလုံး ဝိုင်းဝန်း ပူးပေါင်း အကောင်အထည်ဖော် ဆောင်ရွက် နေမှုများကို အသိအမှတ်ပြု ထောက်ခံ ကြပြီး ကျေးလက်ဒေသ ဖွံ့ဖြိုးရေးနှင့် ဆင်းရဲ နွမ်းပါးမှု ပပျောက်ရေး ပင်မလုပ်ငန်း အစီအစဉ် Master Plan ရေးဆွဲ ရေး ကို ယေဘူယျအားဖြင့် အတည်ပြု ထောက်ခံ ခဲ့ကြသည်။

အလားတူ ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး နှင့် ဆင်းရဲ နွမ်းပါးမှု ပပျောက်ရေး ဆိုင် ရာ အာဆီယံ လုပ်ငန်း စီမံချက် မူဘောင် (၂၀၁၆-၂၀၂၀)ကို အကောင် အထည်ဖော် ရာတွင် တိုးတက်မှု လုပ်ငန်းများ နှင့် ဆက်လက်အကောင်အထည်ဖော်မည့် လုပ်ငန်းစီမံချက်မူ ဘောင် (၂၀၂၀-၂၀၂၅) အတွက်ကြိုတင်ပြင်ဆင်မှုများကိုမှတ်တမ်းတင်ခဲ့ကြသည်။