ပြည်ထောင်စုအဆင့်သတင်း သတင်းကဏ္ဍ

ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ ၊ သီရိလင်္ကာနိုင်ငံ သံအမတ်ကြီး နှင့် တွေ့ဆုံဆွေးနွေး။

စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ အောင်သူ သည် အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူ များနှင့် အတူ စက်တင်ဘာ ၂ ရက်နေ့ မွန်းလွဲ ၂ နာရီက မြန်မာနိုင်ငံဆိုင်ရာ  သီရိလင်္ကာဒီမိုကရက်တစ် ဆိုရှယ်လစ် သမ္မတ နိုင်ငံ သံအမတ်ကြီး H.E Dr. Lindamulage Nalin Kumar de Silva နှင့်အဖွဲ့အား   ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ ၌ တွေ့ဆုံ ဆွေးနွေးသည်။တွေ့ဆုံစဉ် မြန်မာ-သီရိလင်္ကာ နှစ်နိုင်ငံအကြား စိုက်ပျိုး မွေးမြူရေး ကဏ္ဍများ တွင် ပူးပေါင်း ဆောင်ရွက်နိုင်မည့် အခွင့်အလမ်းဆိုင်ရာကိစ္စရပ်များ ကို နှစ်ဘက်ရင်းနှီး ပွင့်လင်းစွာ ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။