သတင်းကဏ္ဍ ဦးစီးဌာနသတင်းများ

ကျေးရွာသစ်လှုပ်ရှားမှု မွမ်းမံသင်တန်း အမှတ်စဉ် (၂/၂၀၂၀) သင်တန်းဆင်းပွဲကျင်းပ

          ကျေးရွာသစ်လှုပ်ရှားမှု မွမ်းမံသင်တန်း အမှတ်စဉ်(၂/၂၀၂၀)သင်တန်းဆင်းပွဲအခမ်းအနား ကို သြဂုတ်လ(၂၈)ရက်နေ့ နံနက်(၁၁)နာရီအချိန် က နေပြည်တော်ကောင်စီနယ်မြေ၊ ဇေယျာသီရိ မြို့နယ်၊ ရေဆင်း ရှိ စိုက်ပျိုး ပညာပေးရေး နှင့်ကျေးလက်ဒေသဖွံ့ဖြိုးရေး သင်တန်းကျောင်း AERDTC ၌ ကျန်းမာရေးဆိုင်ရာ ညွှန်ကြားချက်များနှင့်အညီ ကျင်းပပြုလုပ်ရာ စိုက်ပျိုးရေး ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးအေးကိုကို ၊ နေပြည်တော် စိုက်ပျိုးရေးဦးစီးဌာနမှူး ဦးဝင်းဦး ၊ သင်တန်းကျောင်းတာဝန်ခံ နှင့် သင်တန်းနည်းပြများ နှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ကြသည်။အခမ်းအနားတွင် အုပ်စုဖွဲ့ ဆွေးနွေးခြင်းရလဒ် တင်ဆက်ခြင်း အစီအစဉ် ၌ ဆုရရှိသည့် သင်တန်းသား အစုအဖွဲ့များကို ဒုတိယညွှန်ကြားရေးမှူးချုပ် ၊ တိုင်းဒေသကြီးဦးစီးမှူး နှင့် သင်တန်းကျောင်းတာဝန်ခံ တို့က အမှတ်တရ ဂုဏ်ပြုဆုများပေးအပ်ချီးမြှင့်ကြသည်။မြန်မာ-ကိုရီးယားနှစ်နိုင်ငံ ချစ်ကြည်ရေး တိုးမြှင့်ဆောင်ရွက်မှု အစီအစဉ်အရ တိုင်းဒေသကြီး ပြည်နယ်များရှိ ကျေးရွာ(၁၁၀)ရွာတို့၌  ကျေးလက်ဒေသများဖွံ့ဖြိုးရေးလုပ်ငန်း ဖြစ်သည့် Myanmar SMU ကျေးရွာသစ်စီမံကိန်းကို  (၅)နှစ်တာ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ကြောင်း၊ စီမံကိန်းပြီးဆုံးခဲ့သော်လည်း  ကျေးရွာရန်ပုံငွေများ မပျောက်မပျက် စေရန် ထိန်းသိမ်းစောင့်ရှောက်ထားပြီး စီမံကိန်းကာလအတွင်း  ဆောင်ရွက်ခဲ့သည့် လူနေမှု ပတ်ဝန်းကျင် ဖွံ့ဖြိုးတိုးတက်ရေး၊ စွမ်းဆောင်ရည်မြင့်မားရေးနှင့် ဝင်ငွေတိုးပွားရေးလုပ်ငန်းများ ကို စီမံကိန်းလွန်ကာလများကို ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် AERDTC သင်တန်းကျောင်း က မွမ်းမံသင်တန်းများ ဖွင့်လှစ်ပို့ချပေးလျက်ရှိရာ ယနေ့ကျင်းပသည့် သင်တန်းဆင်းပွဲသည် ဒုတိယအကြိမ်ဖွင့်လှစ်ခဲ့သည့် သင်တန်းဖြစ်ကြောင်း၊ သင်တန်းသို့ ရှမ်းပြည်နယ်၊ တောင်ကြီးနှင့်ကလောမြို့နယ်များရှိ Myanmar SMU ကျေးရွာ (၅)ရွာ နှင့် နေပြည်တော်ရှိ Myanmar SMU ကျေးရွာ (၉)ရွာတို့မှ ကျေးရွာခေါင်းဆောင် သင်တန်းသား၊ သင်တန်းသူ (၅၃) ဦး တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။