ပြည်ထောင်စုအဆင့်သတင်း သတင်းကဏ္ဍ

မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးဗဟိုကော်မတီ၏ (၂၉)ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ။

မြေလွတ်၊မြေလပ်နှင့် မြေရိုင်းများ လုပ်ကိုင်ခွင့်၊ အသုံးပြုခွင့် ရရှိထားသူများအနေဖြင့် လုပ်ပိုင်ခွင့် အသုံးပြုခွင့် ရယူသည့်နည်းတူ မြေခွန်တော်များကို ဥပဒေနှင့်အညီ ပေးအပ်ရန် တာဝန်ရှိပါကြောင်း၊ ပေးအပ်ခြင်း မပြုပါက အစည်းအဝေးများတွင် အတည်ပြုဖွဲ့စည်းထား သည့် အထူးအဖွဲ့များဖြင့် ကွင်းဆင်းစိစစ်ပြီး ဥပဒေနှင့်အညီ ထိ‌ရောက်စွာ အရေးယူ ‌ဆောင်ရွက်ရန် လိုအပ်မည်ဖြစ်ကြောင်း သြဂုတ်လ (၂၆) ရက်နေ့ နံနက်ပိုင်းက စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည့် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးဗဟိုကော်မတီ၏ (၂၉)ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေး တွင် ဗဟိုကော်မတီ ဥက္ကဌ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာအောင်သူ က ပြောကြားသည်။

အစည်းအဝေးသို့ မြေလွတ်၊ မြေလပ် နှင့်မြေရိုင်းများ စီမံခန့်ခွဲရေးဗဟိုကော်မတီ ဥက္ကဌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ နှင့်  ဗဟိုကော်မတီဝင်များ တက်ရောက်ကြပြီး ဗဟိုကော်မတီ အတွင်းရေးမှူး လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်း ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်  ဦးသက်နိုင်ဦး က အစည်းအဝေးတွင် ဆွေးနွေး ဆုံးဖြတ်ရ မည့် အကြောင်းအရာများ အလိုက် တင်ပြရာ အစည်းအဝေးတက်ရောက် လာကြသူများက ကဏ္ဍအလိုက် ဆွေးနွေးခဲ့ကြသည်။

ယနေ့ကျင်းပပြုလုပ်သည့် မြေလွတ်၊မြေလပ်နှင့်မြေရိုင်းများစီမံခန့်ခွဲရေး ဗဟို ကော်မတီ ၏(၂၉)ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် လက်ရှိအစိုးရကာလ မြေလွတ်၊ မြေလပ် နှင့် မြေရိုင်းများ လုပ်ပိုင်ခွင့်၊ အသုံးပြုခွင့် လျှောက်ထားလာသည့် အမှုတွဲ များ အား စိစစ်တင်ပြခြင်းဆိုင်ရာကိစ္စရပ်များ၊ မြေလွတ်၊မြေလပ်နှင့်မြေရိုင်းများ စီမံ ခန့်ခွဲရေး ဗဟိုကော်မတီ ၏ (၂၅/၂၀၂၀) နှင့် (၂၄/၂၀၂၀) အစည်းအဝေးဆုံးဖြတ်ချက်များ အရ ပြည်လည်စိစစ်ရန် အကြောင်းကြားခြင်းအပေါ် ပြန်လည်တင်ပြလာသည့် ကိစ္စရပ်များ၊ ယခင် ဗဟိုအဖွဲ့ က ခွင့်ပြုထားသည့် မြေလွတ်၊မြေလပ်နှင့်မြေရိုင်းများအား ပြည်လည် အပ်နှံခွင့်ပြုပါရန် လျှောက်ထားလာခြင်း ကိစ္စရပ်များ၊ ယခုအစိုးရကာလ သက်ဆိုင်ရာ ဝန်ကြီးဌာနများ က သဘောထားမှတ်ချက် ပြန်ကြားလာသည့် အမှုတွဲများ စိစစ်တင်ပြခြင်း ကိစ္စရပ်များ၊ မြေလွတ်၊မြေလပ်နှင့် မြေရိုင်းများ လုပ်ပိုင်ခွင့်၊ အသုံးပြုခွင့် ရရှိသူများသည် ဥပဒေပုဒ်မ ၁၆ ၊ ပုဒ်မခွဲ (ဃ)ပါ စည်းကမ်းချက်များကို ဖောက်ဖျက်ပြီး ပေးဆောင်ရမည့် မြေခွန်များကို ပေးဆောင်ရန် ပျက်ကွက်နေမှုအား ဥပဒေပုဒ်မ ၂၁ နှင့်အညီ ထိရောက်စွာ အရေးယူ ဆောင်ရွက်နိုင်ရေးကိစ္စနှင့် စပ်လျဉ်း၍ ဖွဲ့စည်းပေးထားသည့် အထူးအဖွဲ့များအား အစားထိုး ပြင်ဆင်ဖွဲ့စည်းပေးခြင်း ကိစ္စရပ်များ၊ မြေလွတ်၊မြေလပ်နှင့်မြေရိုင်းများတွင် အသုံးပြုခွင့်၊ လုပ်ပိုင်ခွင့် လျှောက်ထားခြင်းအပေါ် ကန့်ကွက်လွှာတင်သွင်းခြင်းအား စိစစ် ရန် သီးခြားအဖွဲ့ ဖွဲ့စည်းခြင်းကိစ္စရပ်များ နှင့်  ကျေးရွာသုံး ထင်းစိုက်ခင်းနယ်မြေ သတ်မှတ် ရေးကိစ္စ၊ ဒေသခံ တိုင်းရင်းသားများ၏ ရိုးရာယဉ်ကျေးမှုဓလေ့ ထုံးတမ်းစဉ်လာအရ သတ်မှတ်နယ်မြေများဆိုင်ရာ ကိစ္စရပ်များအား ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။