စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ ၊ ပဲခူးတိုင်းဒေသကြီး စိုက်၊မွေး၊ဆည်ဝန်ကြီး ဦးအောင်ဇော်နိုင်၊ ညွှန်ကြားရေးမှူးချုပ်များ၊ တိုင်း ဒေသကြီး / ခရိုင်နှင့် မြို့နယ်အဆင့် တာဝန်ရှိသူများသည် သြဂုတ်လ ၂၃ ရက်နေ့ နံနက် ၈ နာရီ တွင် ပြည်မြို့၊ ဖုမ္မသိမ် ကျေးရွာတွင် “Covid-19 စီးပွားရေးထိခိုက်မှုသက်သာရေးစီမံချက်”(CERP)အရ ဆောင်ရွက် သည့် Cash For Work စီမံကိန်းလုပ်ငန်း ဆောင်ရွက် ထား မှုများ ကို ကြည့်ရှုစစ်ဆေးကြရာ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးခန့်ဇော် နှင့် တာဝန်ရှိသူများက ရှင်းလင်းတင်ပြကြသည်။
ပြည်မြို့နယ်တွင် Cash For Work စီမံကိန်း(၉)ရွာ၌ လုပ်ငန်းခွဲပေါင်း(၂၅)ခု အား အကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိပြီး စီမံကိန်းအသုံးစရိတ် ၃၇%ကို လုပ်ငန်းသုံးပစ္စည်း နှင့် ၆၃% ကို လုပ်သားခ အဖြစ်အသုံးပြုသွားမည်ဖြစ်သည်။ အလားတူ ကျေးရွာမတည်ရန်ပုံငွေ စီမံကိန်း VRFP ကို ကျေးရွာ(၈)ရွာ၌ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ စိုက်ပျိုးရေး လုပ်ငန်း (၄၈၂)ခု၊ မွေးမြူ ရေးလုပ်ငန်း(၅၉)ခု၊ အရောင်းအဝယ်လုပ်ငန်း(၁၃၃)ခု၊ သက်မွေး လုပ်ငန်း (၁၀)ခု စုစုပေါင်းလုပ်ငန်း (၆၈၄)ခု ကို အရင်းအနှီးငွေ ကျပ်သန်း(၂၂၀) ထုတ်ချေး ပေးပြီး ဖြစ်သည်။
ပဲခူးတိုင်းဒေသကြီး ၌ Cash For Work စီမံကိန်းကို မြို့နယ်(၂၈) မြို့နယ်ရှိ ကျေးရွာ(၂၅၀)ရွာ ၌ လုပ်ငန်းခွဲပေါင်း(၆၄၇)ခုအား ငွေကျပ်သန်း(၂၅၀၀) အသုံးပြုကာ အကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိပြီး ကျေးရွာပေါင်း (၂၂၀)၌ ကျပ်သန်း(၅၉၀၀)အသုံးပြု၍ VRFP စီမံကိန်း ကို အကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။ အလားတူ CERP အရ ပဲခူးတိုင်း ဒေသကြီး အတွင်းရှိ ငါးမွေး တောင်သူ(၁၉၄၇)ဦး၏ ငါးမွေးကန်(၁၉၄၇၈.၆၉)ဧက အတွက် ကျပ်(၇၇၉) သန်းကျော် အသုံးပြု၍ ငါးသားပေါက်များ ထောက်ပံ့ပေးလျက်ရှိသည်။ထို့နောက် ပြည်ထောင်စုဝန်ကြီး နှင့်အဖွဲ့သည် ပြည်မြို့နယ်အတွင်း၌ “Covid-19 စီးပွားရေး ထိခိုက်မှု သက်သာရေးစီမံချက်”(CERP)အရ ဆောင်ရွက် သည့် မိုးစပါးမျိုးစေ့ထုတ် စိုက်ကွင်း များ ကို ကြည့်ရှု စစ်ဆေးအားပေးကြရာ စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ရဲတင့်ထွန်း နှင့် တာဝန်ရှိသူများက ရှင်းလင်းတင်ပြကြသည်။
ပြည်ခရိုင်တွင် “Covid-19 စီးပွားရေး ထိခိုက်မှု သက်သာရေးစီမံချက်”(CERP)အရ မိုးစပါး မျိုးစေ့ထုတ် ဧကစုစုပေါင်း ၉၈၂၄.၅ ဧက စိုက်ပျိုးသွားမည်ဖြစ်ပြီး ထောက်ပံ့ငွေ ၁၄၅၉၄၇၈၂၅၀ ကျပ် ပေးအပ်မည်ဖြစ်သည်။
စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ ၊ ပဲခူးတိုင်းဒေသကြီး စိုက်၊မွေး၊ဆည်ဝန်ကြီး ဦးအောင်ဇော်နိုင်၊ ညွှန်ကြားရေးမှူးချုပ်များ၊ တိုင်းဒေသ ကြီး / ခရိုင်အဆင့် တာဝန်ရှိသူများသည် ပြည်မြို့နယ် ဇီးအုပ်ကျေးရွာ ရှိ စိုက်ပျိုးရေးဆိုင်ရာ လူထု အခြေပြု လေ့လာရေးစခန်း တွင် သင်တန်းတက်ရောက်လျက်ရှိသော တောင်သူလယ်သမား ကိုယ်စားလှယ် သင်တန်းသားများအား တွေ့ဆုံသည်။
တွေ့ဆုံပွဲတွင် ပြည်ထောင်စုဝန်ကြီးက လက်ရှိအစိုရကာလအတွင်း ဖြေရှင်းဆောင်ရွက်ပြီး ဆောင်ရွက်ဆဲ မြေယာပြဿနာများနှင့် လယ်ယာမြေဥပဒေဆိုင်ရာများ ကိုလည်းကောင်း၊ တောင်သူများ၏ လူမှုရေး၊ စီးပွားရေး၊ ကုန်ထုတ်လုပ်မှု၊ ဌာနဆိုင်ရာ ပုဂ္ဂလိက အသင်း အဖွဲ့များ နှင့် ထိရောက်သောဆက်ဆံရေး ၊ မြေယာပြဿနာ ဖြေရှင်းဆောင်ရွက်ရေး စသည်တို့ကို တောင်သူများ ကိုယ်တိုင် ဦးဆောင်ဦးရွက်ပြုနိုင်ကြစေရန် တောင်သူလယ်သမား အခွင့်အရေး ကာကွယ်ရေး နှင့် အကျိုးစီးပွား မြှင့်တင်ရေး ဥပဒေ အရ တောင်သူလယ်သမား အသင်းအစု အဖွဲ့များ ဖွဲ့စည်းရေး အတွက် တောင်သူလယ်သမားအဖွဲ့အစည်းဆိုင်ရာ ဥပဒေ ရေးဆွဲနေမှု အခြေအနေများကို ရှင်းလင်း ပြောကြား သည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး နှင့် ညွှန်ကြားရေးမှူးချုပ်တို့က CERP စီမံကိန်းအရ မိုးစပါးမျိုးစေ့ထုတ်လုပ်ငန်းအတွက် ထောက်ပံ့ငွေ နှင့် ဟင်းသီးဟင်းရွက်မျိုးစေ့များ ထောက်ပံ့ပေးအပ် ကြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး တိုင်းဒေသကြီးဝန်ကြီး နှင့်အဖွဲ့သည် သင်တန်း ခန်းမ ဆောင် သစ် တည်ဆောက်နေမှုနှင့် ဘက်စုံစိုက်ပျိုးမွေးမြူရေး ပေါင်စည်းလယ်ယာစနစ် တို့ကို ကြည့်ရှု စစ်ဆေး အားပေးခဲ့ကြသည်။
နေ့လယ်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ သည် မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် စိုက်၊မွေး၊ဆည်ဝန်ကြီး ဦးဝင်းမော်ဌေး နှင့်အတူ အောင်လံမြို့နယ်၊ လက်ပန်ကန် ကျေးရွာ သို့ ရောက်ရှိကြပြီး Cash For Work စီမံကိန်းဖြင့် ဆောင်ရွက်ထားသော မြေသား ရေကန် တူးဖော်ခြင်း လုပ်ငန်းကိုလည်းကောင်း၊ လုပ်အားခငွေများ လက်ငင်းပေးချေနေမှု ကိုလည်းကောင်း ကြည့်ရှုစစ်ဆေး ခဲ့ကြသည်။
အလားတူ မအူခုံကျေးရွာတွင် Cash For Work စီမံကိန်းဖြင့် ဆောင်ရွက်ထား သည့် ကျေးရွာ ကျောက်ချောလမ်းခင်းလုပ်ငန်း ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးရာ ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန မကွေးတိုင်းဒေသကြီးဦးစီးမှူး ဦးမျိုးအောင် နှင့် တာဝန်ရှိသူများက ရှင်းလင်း တင်ပြကြသည်။ ထို့နောက် လုပ်အားခငွေများ လက်ငင်းပေးချေနေမှုကို ကြည့်ရှု စစ်ဆေးပြီး ပြည်ထောင်စုဝန်ကြီး က ဒေသနေ ပြည်သူများ နှင့်တွေ့ဆုံ၍ အားပေး စကား ပြောကြားသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး နှင့်အဖွဲ့သည် တောင်တွင်းကြီးမြို့နယ်၊ ဝက္ကသေးကျေးရွာ ၌ “Covid-19 စီးပွားရေးထိခိုက်မှုသက်သာရေးစီမံချက်”(CERP)အရ စိုက်ပျိုးထားရှိသည့် မိုးစပါး မျိုးစေ့ထုတ်စိုက်ခင်း နှင့် ကုန်ထုတ်လမ်း တို့ကို ကြည့်ရှုစစ်ဆေးသည်။
ထို့နောက် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနက ဝက္ကသေးကျေးရွာ ရှိ မွေးမြူရေးတောင်သူများ အား တိရစ္ဆာန်ကျန်းမာရေးစောင့်ရှောက်မှုသင်တန်း ကို Covid-19 ကာကွယ်ရေး လမ်းညွှန်ချက် များ နှင့်အညီ ဖွင့်လှစ်ပို့ချပေးနေမှုကို ကြည့်ရှုအားပေးသည်။မွေးမြူထုတ်လုပ်မှုနှင့် အလုပ်အကိုင်အခွင့်အလမ်းများ ပြန်လည်ဖော်ဆောင်ပေးနိုင်ရန် မွေးမြူ ရေးနှင့်ကုသရေးဦးစီးဌာန က ဇွန်လ မှ စက်တင်ဘာလအတွင်း တိရစ္ဆာန်ကျန်းမာရေး စောင့်ရှောက်မှု သင်တန်း၊ မေထုန်မဲ့သားစပ် သင်တန်း၊ မွေးမြူထုတ်လုပ်မှုသင်တန်းများကို Covid-19 စီးပွားရေး ထိခိုက်မှု သက်သာရေးစီမံချက်” (CERP) အရ ငွေကျပ် ၁၄၄၀ သန်း အသုံးပြု၍ တိုင်းဒေသကြီး ပြည်နယ်(၈)ခုရှိ မြို့နယ်(၁၀၀)၌ အကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိသည်။
ကျေးရွာရပ်မိရပ်ဖများ၊ ငါးမွေးတောင်သူများ၊ သိုး ဆိတ် နွား မွေးမြူရေး လုပ်ကိုင်သူများနှင့် တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီး က မွေးမြူရေးထွက်ကုန်များ ထုတ်လုပ်ရာတွင် ပြည်တွင်း စားသုံးမှု အတွက် သာမက နိုင်ငံတကာစျေးကွက်သို့ ဝင်ရောက် ယှဉ်ပြိုင်နိုင်ရေးအတွက် GAqP ၊ GAHP ကျင့်စဉ်များကို တိကျစွာလိုက်နာဆောင်ရွက်ကြရန် တိုက်တွန်းပြောကြားခဲ့သည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ ၊ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် စိုက်၊မွေး၊ဆည်ဝန်ကြီး ဦးဝင်းမော်ဌေး နှင့် တာဝန်ရှိသူများက “Covid-19 စီးပွားရေးထိခိုက်မှု သက်သာရေး စီမံချက်”(CERP)အရ မိုးစပါး မျိုးစေ့ထုတ်စိုက် တောင်သူများအတွက် ထောက်ပံ့ ငွေများ နှင့် ငါးမွေးတောင်သူများ အတွက် ငါးသားပေါက်များကိုလည်းကောင်း ၊ မိသားစု အိမ်ခြံဝန်း ဟင်းသီးဟင်းရွက်စိုက်ခင်းများ စိုက်ပျိုးကြရန် ဟင်းသီးဟင်းရွက် မျိုးစေ့များကို လည်းကောင်း ထောက်ပံ့ ပေးအပ်ခဲ့ကြကြောင်းသတင်းရရှိသည်။