နယ်သတင်းများ သတင်းကဏ္ဍ

စိုက်ပျိုးရေးဦးစီးဌာန နှင့် စိုက်ပျိုးရေး သုတေသနဦးစီးဌာန တို့ပူးပေါင်း၍ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး ၌ ( T O T ) သင်တန်းကျင်းပ 

စိုက်ပျိုးရေးဦးစီးဌာန နှင့် စိုက်ပျိုးရေးသုတေသနဦးစီးဌာန ပညာရှင်များပေါင်း၍  စွမ်းဆောင်ရည် မြှင့်တင်ရေး( T O T ) သင်တန်း ကို သြဂုတ်လ ၂၅ ရက် နံနက် ၉ နာရီခွဲ အချိန်က ပဲခူးတိုင်းဒေသကြီး၊ စိုက်ပျိုးရေးဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးရုံး ၌ ကျင်းပ ပြုလုပ်ရာ တိုင်းဒေသကြီးဦးစီးမှူး ဦးနိုင်ဦး က အဖွင့်အမှာစကားပြောကြားခဲ့ပြီး၊ စိုက်ပျိုးရေး သုတေသနဦးစီးဌာန၊ ပဲမျိုးစုံဌာနခွဲ ညွှန်ကြားရေးမှူး ဒေါက်တာထွန်းရွှေ က သင်တန်း ၏ ရည်ရွယ်ချက်များကို ရှင်းလင်း ဆွေးနွေးခဲ့သည်။အဆိုပါသင်တန်းသို့ ပဲခူးခရိုင် နှင့် တောင်ငူခရိုင်ဦးစီးမှူးများ၊ မြို့နယ်ဦးစီးမှူးများ၊ သီးနှံတာဝန်ခံ များ မြို့နယ်(၁၄)မြို့နယ် မှ တောင်သူများ နှင့် တိုင်းဒေသကြီးဦးစီးမှူးရုံး မှ ဝန်ထမ်းများ တက်ရောက် ခဲ့ကြသည်။သင်တန်းတွင် စိုက်ပျိုးရေးသုတေသနဦးစီးဌာန သုတေသနမှူး၊ ဒေါ်မြတ်မြတ်နွယ် က ပဲမျိုးစုံ သီးနှံအထွက်ကောင်းစိုက်ပျိုးနည်းများကိုလည်းကောင်း ၊ ဒေါက်တာခင်သိန်းညွန့် က ပဲမျိုးစုံ သီးနှံ တွင် ကျရောက်ဖျက်ဆီးတတ်သော ပိုးမွှားများ၊ ‌ဒေါ်ဝင်းသီးတာဦး က ပေါင်းမြက် ပြသနာများ နှင့် အရည်အသွေးကောင်းသီးနှံများ ထုတ်လုပ်ရေး၊ ‌ဒေါက်တာသက်ရည်ခိုင် က သီးနှံများတွင် ကျရောက်တတ်သော ရောဂါများ၊ ဒေါက်တာထွေးမင်းသန့် က သဘာဝ မြေဩဇာ စနစ်တကျ ပြုလုပ် သုံးစွဲနည်းများ ကို အသီးသီးပို့ချခဲ့ပြီး သင်တန်း တက်ရောက်လာကြသူများ က သိရှိလိုသည်များ မေးမြန်းမှုအပေါ် သက်ဆိုင်ရာပညာရှင်များက ရှင်းလင်း ဖြေကြား ဆွေးနွေး ခဲ့ကြကြောင်း သတင်းရရှိသည်။