အဆိုပါ သမဝါယမအသင်း က မျိုးကောင်း မျိုးသန့်စပါးများ စဉ်ဆက်မပြတ် ထုတ်လုပ်ဖြန့်ဖြူးနိုင်ရန် တစ်ဧကလျှင် ငွေကျပ် (၃၀၀၀၀၀) နှုန်းဖြင့် ထုတ်ချေးပေးခဲ့ပြီး အသင်းသား များကလည်း ပြန်ဆပ်ချိန်တွင် အချိန်မီ အပြေအကြေပေးဆပ်ကြကြောင်း၊ ယခုနှစ် မိုးစပါးရာသီတွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၏ နည်းပညာအကူအညီဖြင့် ဆင်းသုခ၊ ပေါ်ဆန်းရင်၊ ဧရာမင်း မျိုးသန့် မျိုးစေ့ထုတ် စိုက်ဧက (၂၅၂) ဧကကို စိုက်ပျိုးလျက်ရှိကြောင်း သတင်းရရှိသည်။