COVID-19 စီးပွားရေးကုစားမှု အစီအစဥ် (CERP) အရ ပျဉ်းမနားမြို့နယ်အတွင်းရှိ မိုးစပါးမျိုးစေ့ထုတ် အကျိုးဆောင်တောင်သူများအား ထောက်ပံ့ငွေ ပေးအပ်ခြင်း အခမ်းအနားကို သြဂုတ်လ ၂၀ရက်နေ့ နံနက်ပိုင်းက နေပြည်တော်ကောင်စီနယ်မြေ ပျဉ်းမနားမြို့နယ် ငကောင်းကံကျေးရွာ ၌ ကျင်းပပြုလုပ်သည်။
အခမ်းအနားတွင် နေပြည်တော်ကောင်စီဝင် ဦးအေးမောင်စိန် က အဖွင့်အမှာစကား ပြောကြား သည်။
ထို့နောက် နေပြည်တော်စိုက်ပျိုးရေးဦးစီးဌာနမှူး ဦးဝင်းဦး က ပြည်ထောင်စု နယ်မြေ အတွင်း (CERP) အစီအစဥ်အရ မိုးစပါးမျိုးစေ့ထုတ်လုပ်ငန်း ဆောင်ရွက် ထားရှိမှု အခြေအနေများအား power point ဖြင့် ဆွေးနွေးတင်ပြသည်။
ဆက်လက်၍ စိုက်ပျိုးရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးအေးကိုကို က COVID-19 စီးပွားရေးကုစားမှု အစီအစဥ်အရ မိုးစပါး မျိုးစေ့ထုတ် တောင်သူများ အား ထောက်ပံ့ငွေ ပေးအပ် မှုနှင့် ပတ်သက်၍ ရှင်းလင်းဆွေးနွေးသည်။
အခမ်းအနားတွင် နေပြည်တော်ကောင်စီဝင် ဦးအေးမောင်စိန် က ဇီးဖြူပင် ကျေးရွာ အုပ်စု ရှိ မိုးစပါးမျိုးစေ့ထုတ်(၁၅၉)ဧက အတွက် ထောက်ပံ့ငွေများ ကိုလည်းကောင်း ၊
စိုက်ပျိုးရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးအေးကိုကို က ငကောင်းကံကျေးရွာအုပ်စုရှိ မိုးစပါးမျိုးစေ့ထုတ် (၅၇) ဧကအတွက် ထောက်ပံ့ငွေများ ကိုလည်းကောင်း ၊
စိုက်ပျိုးပညာပေးရေးဌာနခွဲ ညွှန်ကြားရေးမှူး ဦးခင်မောင်ညွန့် က မယ်ဇလီကုန်းကျေးရွာအုပ်စုရှိ မိုးစပါးမျိုးစေ့ထုတ် (၄၉.၅) ဧက အတွက် ထောက်ပံ့ ငွေများ ကိုလည်းကောင်း ၊
စပါးသီးနှံဌာနခွဲ ညွှန်ကြားရေးမှူး ဦးကိုကိုကြီး က နတ်သူရဲကျေးရွာအုပ်စုရှိ မိုးစပါးမျိုးစေ့ထုတ် (၄၇) ဧကအတွက် ထောက်ပံ့ငွေများ ကိုလည်းကောင်း ပေးအပ်ရာ အကျိုးဆောင် တောင်သူ ကိုယ်စားလှယ်များက လက်ခံရ ယူကြသည်။
အခမ်းအနားအပြီးတွင် နေပြည်တော်ကောင်စီဝင် နှင့် ဌာနဆိုင်ရာများ၊ တောင်သူများသည် မိုးစပါးမျိုးစေ့ထုတ်စိုက်ခင်းများကို ကွင်းဆင်းကြည့်ရှု အားပေး ခဲ့ကြကြောင်း သတင်းရရှိသည်။