ပြည်ထောင်စုအဆင့်သတင်း

ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့၏ အကြိမ် (၃၁) မြောက် လုပ်ငန်း ညှိနှိုင်း အစည်းအဝေးကျင်းပ

             ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့၏ (၃၁)အကြိမ်မြောက် လုပ်ငန်းညှိနှိုင်း အစည်း အဝေး ကို သြဂုတ်လ (၁၈)ရက်နေ့ နံနက်ပိုင်းက စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ အဖွဲ့ဥက္ကဌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ ၊ ဒုတိယဥက္ကဌ ဒုတိယဝန်ကြီး ဦးလှကျော် နှင့် ဗဟိုလယ်ယာမြေ စီမံခန့်ခွဲမှု အဖွဲ့ဝင်များစုံညီစွာ တက်ရောက် ဆွေးနွေး ခဲ့ကြသည်။

             အစီအစဉ်အရ ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့အတွင်းရေးမှူး ညွှန်ကြားရေး မှူးချုပ် ဦးသက်နိုင်ဦး က အစည်းအဝေးတွင် ဆွေးနွေးဆုံးဖြတ်ရမည့်လုပ်ငန်းများအား ဖတ်ကြား တင်ပြ ရာ အစည်းအဝေးက လုပ်ငန်းအကြောင်းအရာတစ်ခုချင်းအပေါ် ဆွေးနွေး ဆောင်ရွက်ကြသည်။              အစည်းအဝေးတွင် နိုင်ငံတော်၏ စီမံကိန်းလုပ်ငန်းများဆောင်ရွက်ရန် သိမ်းယူ ခဲ့သည့် လယ်ယာမြေများအတွက် ဘဏ္ဍာနှစ်အလိုက် လျော်ကြေး၊ နစ်နာကြေး ပေးချေ ရမည့်ကိစ္စ၊ လယ်မြေအား အခြားနည်းဖြင့် အသုံးပြုခွင့် လျှောက်ထားလာသည့် ကိစ္စရပ်များကို လယ်ယာ မြေ ဥပဒေ၊ နည်းဥပဒေများပါ ပြဋ္ဌာန်းချက်များအရ လည်းကောင်း၊ ဗဟိုလယ်ယာမြေ စီမံ ခန့်ခွဲမှုအဖွဲ့၏ (၁၆.၅.၂၀၁၃) ရက်စွဲပါ စာဖြင့် စိစစ်ရန်ထုတ်ပြန် ထားသည့် ညွှန်ကြားချက်အရ လည်းကောင်း၊ ကိုက်ညီ မှန်ကန်မှု ရှိ/မရှိ စိစစ်ဆောင်ရွက် ပြီးနောက် ကိုက်ညီ မှန်ကန်မှုရှိပြီး ပြည့်စုံစွာ တင်ပြလာသည့် လယ်ယာမြေ ဥပဒေ ပုဒ်မ ၃၀ (က) အရ လယ်ယာမြေ အခြားနည်း သုံးစွဲခွင့် လုပ်ငန်း စာတွဲများနှင့် ပတ်သက်၍ လည်းကောင်း၊ မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများ စီမံခန့်ခွဲ ရေးလုပ်ငန်းအဖွဲ့တို့မှ ခွင့်ပြုထားသည့် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းကို လယ်ယာမြေ အဖြစ် သတ်မှတ်ပေးရန် လယ်ယာမြေ ဥပဒေ ပုဒ်မ ၃၄ နှင့် လယ်ယာမြေ နည်းဥပဒေ ၃၅၊ ၃၆ တို့အရ လျှောက်ထားလာသည့် အမှုတွဲ ( ၃ ) တွဲ ပတ်သက်၍ ခွင့်ပြုရန် သင့်/ မသင့် ကိစ္စရပ်များ ကို လည်းကောင်း၊ ဆွေးနွေး စိစစ် အတည်ပြုခြင်း၊ သက်ဆိုင်ရာ ကော်မတီသို့ ပြန်လည် ပေးပို့ ရေးဆိုင်ရာများကို ဆောင်ရွက်ခဲ့ကြကြောင်း သတင်းရရှိသည်။