ကြော်ငြာနှင့်နှိုးဆော်ချက်များ

ဆည်ရေသောက် တောင်သူလယ်သမားများသို့ အသိပေးနှိုးဆော်ချက်

  • စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံ ခန့်ခွဲရေးဦးစီးဌာန က  တည်ဆောက်ထိန်းသိမ်းထားသော ရေလှောင်တမံအများစုတွင် (၂၀၂၀) ခုနှစ် မိုးရာသီ အတွင်း စီးဝင်ရေ ပမာဏ မှာ ယခင်နှစ်များ ၏ ကာလတူပမာဏအောက် နည်းပါးလျက် ရှိသည့် အတွက် သိုလှောင်ရေ ပမာဏ မှာလည်း လျော့နည်း ကျဆင်း လျက် ရှိပါသည်။
  • ထို့ပြင် ယခုနှစ် မိုးရာသီတွင် မိုးရွာသွန်းမှုနည်းပါးခြင်းကြောင့် ပုံမှန်မိုးစပါးစိုက်ပျိုးရေပေးဝေခြင်း အပြင် ယခင် က မိုးစပါးစိုက်ပျိုးရေ ပေးဝေရန် မလိုအပ်သည့် မိုးကောင်းသောက်ဒေသများတွင်လည်း ဖြည့်စွက်ရေများ ပေးဝေနေရသည့် အခြေအနေများ ကြုံတွေ့နေရပါသည်။
  • သို့ပါ၍ ယခုနှစ် လျာထားမိုးစပါး စိုက်ဧကများ ပြည့်မီစွာ ရေပေးဝေနိုင်ရန် နှင့် လာမည့် နွေစပါးရာသီတွင်လည်း ဆည်အတွင်း ကျန်ရှိ သိုလှောင်ရေဖြင့် နွေစပါးနှင့် အခြားသီးနှံများ ယခင်နှစ် လျာထား ပမာဏများအတိုင်း ပြည့်မီစွာ စိုက်ပျိုးရေ ပေးဝေနိုင်ရန် ၊ သောက်သုံးရေ လုံလောက်စွာ ပေးဝေ နိုင်ရန် တို့အတွက် ရေအသုံးချသူများအဖွဲ့များနှင့်အတူ ဆည်ရေကို စနစ်တကျ ချွေတာသုံးစွဲလျက်ရှိရာ အားလုံးသော တောင်သူလယ်သမားများ နှင့် ပြည်သူများကလည်း  မိမိတို့ဝန်ကြီးဌာနအောက်ရှိ သက်ဆိုင်ရာဌာနများနှင့်အတူ ဝိုင်းဝန်းပူးပေါင်းပါဝင် ဆောင်ရွက်ကြပါရန် အသိပေးနှိုးဆော်အပ်ပါသည်။

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန