နယ်သတင်းများ

သမဝါယမကဏ္ဍကုန်သွယ်လုပ်ငန်းများမှ ပြည်ပပို့ကုန်တင်ပို့ခြင်းလုပ်ငန်းများ ပြန်လည်ဆောင်ရွက်

သမဝါယမ၏ကုန်သွယ်မှုကဏ္ဍဖြင့် နိုင်ငံခြားဝင်ငွေရရှိစေရန်အတွက် တနင်္သာရီတိုင်း ဒေသကြီး၊ ကော့သောင်းမြို့နယ် ချမ်းမြေ့ကျော်ရေထွက်ပစ္စည်းနှင့် အထွေထွေရောင်းဝယ်ရေး သမဝါယမအသင်း၊ သိမ်းထိုက်ဇော် ရေထွက်ပစ္စည်းနှင့်အထွေထွေရောင်းဝယ်ရေးသမဝါယမအသင်း တို့က ငါး၊ ပုဇွန်နှင့် ရေထွက်ပစ္စည်းများကို ပြည်ပသို့ တင်ပို့ရောင်းချ၍ နှစ်စဉ်နိုင်ငံခြားဝင်ငွေ ရရှိရေး ဆောင်ရွက်ခဲ့ရာ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အတွင်း အမေရိကန်ဒေါ်လာ ၄.၆ သန်း ရရှိခဲ့ ပါသည်။

ကိုဗစ်-၁၉ ကာလအတွင်း လုပ်ငန်းများ ခေတ္တရပ်ဆိုင်းခဲ့ရသော်လည်း ယခုအခါ တနင်္သာရီတိုင်းဒေသကြီးအတွင်း ကမ်းနီးငါးဖမ်းလုပ်ငန်းများ မှ ငါး၊ ပုဇွန်နှင့် ရေထွက်ပစ္စည်း များကို ပြည်ပပို့ကုန်အဖြစ် ထိုင်းနိုင်ငံသို့ တင်ပို့နိုင်ရေးအတွက် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။