ပြည်ထောင်စုအဆင့်သတင်း သတင်းကဏ္ဍ

ကိုဗစ်-၁၉ စီးပွားရေး ကုစားမှု အစီအစဉ် (CERP) အရဆောင်ရွက်သော လုပ်ငန်းများ ကွင်းဆင်းစစ်ဆေး

စပါးမျိုးကောင်း မျိုးသန့် မျိုးစေ့များကို စိုက်ပျိုး ထုတ်လုပ်သူ တောင်သူများ လက်လှမ်းတမီ လွယ်ကူစွာ သုံးစွဲနိုင်ကြစေရန် နှင့် Covid-19ကြောင့် လယ်ယာ ကဏ္ဍအပေါ် ထိခိုက်မှုလျော့နည်းသက်သာစေရန် CERP အရ မျိုးစေ့ထုတ် လုပ်ငန်းများ အား ထောက်ပံ့ပေးနေမှု အခွင့်အရေးကို အသုံးပြုပြီး တောင်သူလယ်သမားများ၏ လူမှုစီးပွားဘဝများ ရှင်သန်တိုးတက်ရေး အတွက် သက်ဆိုင်သူအားလုံးတို့က ဝိုင်းဝန်း ဆောင်ရွက်ပေးကြရန် တိုက်တွန်းပါကြောင်း   သြဂုတ်လ ၉ ရက်နေ့ နံနက် ၉ နာရီက ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်၊ ကွင်းယားအရှေ့ကျေးရွာ တွင် ကျင်းပပြုလုပ်သော “Covid-19 စီးပွားရေးထိခိုက်မှုသက်သာရေးစီမံချက်“(CERP) ထောက်ပံ့မှုအရ ဆောင်ရွက်သော မိုးစပါးမျိုးစေ့ထုတ်တောင်သူများအား ထောက်ပံ့ငွေပေး အပ်ပွဲ အခမ်းအနားတွင် ဒုတိယဝန်ကြီး ဦးလှကျော် က ပြောကြားသည်။

အခမ်းအနားသို့ စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးလှကျော်၊ ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဗိုလ်ဗိုလ်ကျော်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးခန့်ဇော်၊  စိုက်ပျိုးရေး ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးသက်ဇင်မောင် နှင့် တိုင်းဒေသကြီး / ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဒေသနေတောင်သူများ တက်ရောက်ကြသည်။

ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဒေသနေတောင်သူများ နှင့်တွေ့ဆုံစဉ် ဒုတိယဝန်ကြီး က ဒေသ၏ စိုက်ပျိုးထုတ်လုပ်မှုဆိုင်ရာ လိုအပ်ချက်များကို မေးမြန်း ဆွေးနွေးပြီး မျိုးစေ့ထုတ် တောင်သူများကိုယ်စား တောင်သူတစ်ဦးအား ထောက်ပံ့ငွေ ပေးအပ်သည်။              ထိုမှတဆင့် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်၊ သဘော့ငူကျေးရွာတွင် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန ခွင့်ပြုရန်ပုံငွေဖြင့် ရေသန့်စင်စနစ် ဆောင်ရွက်နေမှုများကို ကြည့်ရှု စစ်ဆေးရာ တိုင်းဒေသကြီးဦးစီးမှူး ဦးနေထက်ရှိန် က စီမံကိန်းကျေးရွာများ၌ ၂၀၁၉-၂၀၂၀ဘဏ္ဍာနှစ် အတွင်း Type(1) Type(2)အဆင့်များခွဲ၍ သောက်သုံးရေဖူလုံရေး ဆောင်ရွက်ပေးနေမှုအခြေအနေများ၊ ရေသန့်စင်ခြင်း လုပ်ငန်းဆောင်ရွက်ပုံ အဆင့်ဆင့် တို့ကိုလည်းကောင်း၊ ကိုဗစ်-၁၉ စီးပွားရေး ကုစားမှု အစီအစဉ် (CERP) အရ အကောင် အထည်ဖော်ဆောင်ရွက်လျက် ရှိသော Cash For Work (CFW)စီမံကိန်း ဆိုင်ရာများ ကို လည်းကောင်း ရှင်းလင်း တင်ပြသည်။           ရှင်းလင်းတင်ပြချက်များအပေါ် ဒုတိယဝန်ကြီးက ရေသန့်အား FDA ၏ ထောက်ခံချက် ရရှိမှုနှင့်အတူ ရေရှည်တွင်လည်း ကျန်းမာရေး နှင့် ညီညွတ်သည့် သောက်သုံးရေ ဖူလုံစွာ ထုတ်လုပ်ပေးနိုင်ရေး အထူးဂရုပြု ထိန်းသိမ်း ဆောင်ရွက်ရန် လိုအပ်ချက်များ ၊ CFW စီမံကိန်း လုပ်ငန်းစဉ်များ အောင်မြင်စေရေး အတွက် ဌာနတာဝန်ရှိသူများ နှင့်  ဒေသခံများ ပူးပေါင်းဆောင်ရွက်ရန်လိုအပ်ချက်များကို ဆွေးနွေးပြောကြားပြီး စီမံကိန်းတာဝန်ခံ များ နှင့် ကျေးရွာခေါင်းဆောင်များ၏ တင်ပြချက်များအား ညှိနှိုင်းဆောင်ရွက်ပေးသည်။              အလားတူ ကျောင်းကုန်းမြို့နယ်၊ ဇရပ်ကွင်းကျေးရွာ ၌ “Covid-19 စီးပွားရေး ထိခိုက်မှုသက်သာရေးစီမံချက်“(CERP) အရ အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိသည့် Cash For Work(CFW) စီမံကိန်းဖြင့် မြေရော ကျောက်ရောလမ်းခင်းခြင်း လုပ်ငန်းအား ကြည့်ရှုစစ်ဆေးရာ ညွှန်ကြားရေးမှူးချုပ် ဦးခန့်ဇော် က CFW စီမံကိန်း ဆောင်ရွက်ခြင်းဖြင့် ကျေးရွာနေပြည်သူများ အလုပ်အကိုင် အခွင့်အလမ်းရရှိနေမှုများနှင့် အဆင်ပြေစွာ သွားလာ နိုင်ရေး ဆောင်ရွက် မှုများ၊ ကျေးရွာအလိုက် စီမံကိန်း လုပ်ငန်းများ လျင်မြန်စွ ာပြီးစီးရေး ကြိုးပမ်း ဆောင်ရွက် နေမှုမျာ းအား ရှင်းလင်း တင်ပြရာ ဒုတိယဝန်ကြီး က လိုအပ်ချက်များအား သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက် ပေးသည်။          ဆက်လက်၍ ကျောင်းကုန်းမြို့နယ် ၊ ကညင်သုံးဆင့်ကျေးရွာတွင် “Covid-19 စီးပွားရေးထိခိုက်မှု သက်သာရေးစီမံချက်“(CERP)ဖြင့် ဆောင်ရွက်သော မိုးစပါး မျိုးစေ့ထုတ် စိုက်ခင်းအား ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။