ယနေ့ကာလတွင် တောင်သူလယ်သမားများ၏ စိုက်ပျိုးသီးနှံများ ပြည်တွင်းဈေးကွက် အတွင်းသို့ တင်ပို့ရောင်းချရာတွင် ကြုံတွေ့နေရသည့်အခက်အခဲများကို ကူညီဖြေရှင်းပေးရန်၊ ကုန်စည်စီးဆင်းမှုမှန်ကန်မြန်ဆန်စွာ လည်ပတ်နိုင်စေရန်၊ ဈေးကွက်ရရှိစေရန်၊ လေလွင့်ဆုံးရှုံးမှု မရှိစေရန်နှင့် သမဝါယမအသင်းများ၏ လုပ်ငန်းဆောင်ရွက်မှု တိုးတက်စေရန် ရည်ရွယ်၍ တိုင်းဒေသကြီး/ပြည်နယ်သမဝါယမအသင်းစုချုပ်များမှ ပို့ဆောင်ဖြန့်ဖြူးရောင်းချခြင်းလုပ်ငန်းများကို သမဝါယမကဏ္ဍမှ အစွမ်းကုန်ဆောင်ရွက်ပေးလျက်ရှိရာ သြဂုတ်လ(၉)ရက်နေ့တွင် နေပြည်တော် သမဝါယမသင်းစုချုပ်သည် ရှမ်းပြည်နယ်တောင်ပိုင်း/အရှေ့ပိုင်းသမဝါယမအသင်းစုချုပ် လီမိတက် နှင့်ချိတ်ဆက်၍ အောင်ပန်းမြို့နယ် နောင်တရားဒေသထွက် အာလူးပိဿာချိန် ၅၀၀၀ နှင့် တောင်ကြီး မြို့နယ် ကျောက်တစ်လုံးဒေသထွက် ကြက်သွန်ဖြူ ပိဿာချိန် ၁၀၀၀ ကို ဝယ်ယူကာ နေပြည်တော် နယ်မြေအတွင်းရှိ ဌာနဆိုင်ရာဝန်ထမ်းများ၊ သမဝါယမအသင်းသားပြည်သူများထံသို့ စျေး နှုန်းချိုသာစွာ ပြန်လည်ရောင်းချပေးခဲ့ကြောင်း သိရသည်။
ဒေသပေါက်ဈေး အာလူးတစ်ပိဿာလျှင် ငွေကျပ် ၁၃၀၀ နှုန်းရှိသော်လည်း တစ်ပိဿာလျှင် ငွေကျပ် ၈၀၀ နှုန်းဖြင့် လည်းကောင်း၊ ဥတစ်လုံးကြက်သွန်ဖြူတစ်ပိဿာလျှင် ငွေကျပ် ၅၀၀၀ နှုန်းရှိသော်လည်း ငွေကျပ် ၂၂၀၀ နှုန်းဖြင့်လည်းကောင်း၊ ရှမ်းအမွှာကြက်သွန်ဖြူတစ်ပိဿာလျှင် ငွေကျပ် ၂၅၀၀ နှုန်းရှိသော် လည်း ငွေကျပ် ၁၅၀၀ နှုန်းဖြင့်လည်းကောင်း သက်သာသောဈေးနှုန်းဖြင့် ဝယ်ယူစားသုံးနိုင်ရန် အတွက် ကြက်သွန်ဖြူနှင့်အာလူးများကို No Profit, No Loss အစီအစဉ်ဖြင့် အမြတ်အစွန်း အဓိက မထားဘဲ ဖြန့်ဖြူးရောင်းချပေးမည်ဖြစ်ကြောင်း နေပြည်တော်သမဝါယမအသင်းစုချုပ်ရုံးမှ သတင်းရရှိသည်။