ပြည်ထောင်စုအဆင့်သတင်း သတင်းကဏ္ဍ

ဒုတိယဝန်ကြီး ဦးလှကျော် ဧရာဝတီမြစ် နှင့် ငဝန်မြစ် ရေတား တာများကြံ့ခိုင်မှုနှင့် သဘာဝဘေး ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ကွင်းဆင်းစစ်ဆေး။

 

               ကမ်းပြိုကမ်း စားမှုများ နှစ်စဉ်ဖြစ်ပေါ်နေပါက လယ်ယာမြေများဆုံးရှုံးခြင်း လူနေ အိမ်များ ပြောင်းရွှေ့နေရာ ချထားရန် ခက်ခဲခြင်း၊ ပန်းတာ အသစ်များ တည်ဆောက်ရန် အခက် အခဲများ ဖြစ်လာနိုင်ခြင်း ကြောင့် မြစ်ကြောင်း ထိန်းသိမ်းရေး လုပ်ငန်းစဉ် များအား အားသွန် ခွန်စိုက် စောလျင်စွာ ဆောင်ရွက် ကြစေလိုကြောင်း၊ မြစ် ရေတား တာများပြုပြင်ခြင်း ချောင်းကော၊ မြောင်းကောများ တူးဖော်ခြင်းတို့ကို ကြိုတင်ဆောင်ရွက်ရမည့်လုပ်ငန်းများ၊ ပွင့်လင်းရာသီတွင်  ဆောင်ရွက်ရမည့် လုပ်ငန်းများခွဲခြားပြီး ဘဏ္ဍာနှစ်အလိုက် ထိရောက်စွာ ဆောင်ရွက်ကြရန် ဧရာဝတီမြစ် နှင့် ငဝန်မြစ် ရေတား တာများ ကြံ့ခိုင်မှု နှင့် သဘာဝဘေး ကြိုတင် ကာကွယ်ရေး လုပ်ငန်းများ ကွင်းဆင်းစစ်ဆေးစဉ် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးလှကျော် က တာဝန်ရှိသူများအား ဆွေးနွေး မှာကြားသည်။

                 နှစ်စဉ် မိုးရာသီများတွင် ကြုံတွေ့နေရသည့် မြစ်ကြောင်းများ ကမ်းပြို ကမ်းစား ဖြစ်ပေါ်မှု လျော့နည်းသက်သာရေး လုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် မြစ်ရေတား တာများ ကြံ့ခိုင်မှု အခြေအနေများ ကွင်းဆင်းစစ်ဆေးရန် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးလှကျော် သည် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် စိုက်/မွေး/ဆည်ဝန်ကြီး ဦးတင်အောင်ဝင်း ၊ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ ၊ ဒုတိယ ညွှန်ကြား ရေးမှူးချုပ် ၊ တိုင်းဒေသကြီးနှင့်/ပြည်နယ်ဦးစီးမှူးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ဇူလိုင်လ ၈ ရက်နေ့ နံနက် ၁၀ နာရီက ဟင်္သာတ ကမ်းနားတာ (အိပ်ပျက်)တွင် တာပုံစံကျ ပြုပြင်ခြင်း လုပ်ငန်းနှင့် ဖြတ်တာသစ်တွင် ရေဝင်ရောက်မှုအခြေအနေများ၊ မြစ်ကမ်း ကာကွယ်ခြင်း လုပ်ငန်း၊ လှိုင်းကာတန်းရိုက်ခြင်းလုပ်ငန်း၊ ကမ်းပြိုကမ်းမှုအခြေအနေများအား ကိုလည်းကောင်း၊ ဟင်္သာတမြို့နယ် ဧရာဝတီ-ဟင်္သာတတာ တာမိုင် ၄ မိုင် ၊ ၆ ဖာလုံ သို့ လည်းကောင်း ရောက်ရှိစစ်ဆေးကြရာ ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဗိုလ်ဗိုလ်ကျော် နှင့် တာဝန်ရှိသူများက ဟင်္သာတကမ်းနားတာ တာမိုင် ၅မိုင်၊ ၂ဖာလုံ နှင့် ဧရာဝတီ-ဟင်္သာတတာ တာမိုင် ၄မိုင်၊ ၆ ဖာလုံ တွင် တည်ဆောက်ပြီးစီးသည့် ဖြတ်တာသစ် အခြေအနေများ ကိုလည်းကောင်း၊ ဖြတ်တာသစ် အား ကြံ့ခိုင်မှုရှိစေရန် ကြိုတင် ပြင်ဆင် ဆောင်ရွက် ထားမှု အခြေအနေများ ကို လည်းကောင်း၊ ဟင်္သာတ ခရိုင် အတွင်း ကမ်းပြို ကမ်းစားမှုအခြေ အနေများနှင့် ရေကင်းစခန်း ဆောင်ရွက်ထားရှိမှုများ ရှင်းလင်း တင်ပြကြသည်။

                တင်ပြချက်များအပါ် ဒုတိယဝန်ကြီး က ဧရာဝတီမြစ်ရေ တိုက်စားမှုကြောင့် မြို့ရွာ ကျေးလက်နေ ပြည်သူများ၏ လူနေမှုဘဝ မထိခိုက်စေရေး အလေးထား ဆောင်ရွက်ရန် လိုအပ် ချက်၊ မြစ်ရေ စီးဆင်းမှု လမ်းကြောင်း အရ ကမ်းပြို ကမ်းစားမှု အခြေအနေများ လျော့နည်း သက်သာ စေရန် သက်ဆိုင်ရာဌာနများ တာဝန်ရှိ အဖွဲ့အစည်းများ နှင့် ပူးပေါင်း ဆောင်ရွက် ကြရန် ၊ မြစ်ရေ တိုက်စားမှုကြောင့် ဖြစ်ပေါ်လာမှုသည် ထိခိုက်မှုအနည်းဆုံး ဖြစ်စေရန် နှင့် ဖြတ်တာသစ်တွင် တာအိ တာလျှောခြင်းများ မဖြစ်ပေါ် စေ‌ရန် တို့ကို လည်းကောင်း ၊ မြစ်ရေ စီးကြောင်း‌ ကြောင့် ကမ်းပြို ကမ်းစားခြင်းနှင့်  ထိခိုက် ဆုံးရှုံးမှု အပေါ်  ပြန်လည် ကုစား နိုင်မည့် နည်းလမ်း များ အား ဝိုင်းဝန်း ပူးပေါင်း ၍ လျင်မြန်စွာ ဆောင်ရွက် ပေးနိုင်ရန် လိုအပ်ချက် များ ကို လည်းကောင်း ဆွေးနွေး မှာကြားသည်။                  ထို့နောက် ဒုတိယဝန်ကြီးက ဟင်္သာတကမ်းနားတာ တာမိုင် ၄ မိုင် ၊ ၆ ဖာလုံ ဦးမိုးလေး (ဖြတ်တာ-၁) ကမ်းပြို ကမ်းစားမှု အခြေအနေများ၊ ဟင်္သာတ ကမ်းနားတာ တာမိုင် ၅ မိုင် ၊ ၂ ဖာလုံ နှင့် ဧရာဝတီ-ဟင်္သာတတာ တာမိုင် ၄ မိုင် ၊ ၆ ဖာလုံ တွင် တည်ဆောက် ပြီးစီးသည့် ဖြတ်တာ အသစ် နှင့် ရေကင်း စခန်းများ၊ မြစ်ရေစီး ကြောင်း ပြောင်းလဲမှု အား မြစ်ကမ်းနံရံမှ သွေဖည် သွားစေရေး ဆောင်ရွက် ထားရှိမှု များအား ကြည့်ရှု စစ်ဆေး ကာ လိုအပ်သည်များ  ညှိနှိုင်း ဆောင်ရွက် ပေးသည်။

ဆက်လက်၍ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် မြန်အောင်မြို့နယ်၊ မြန်အောင်တာ တာမိုင် ၆ မိုင် ၊ ၃ ဖာလုံ နှင့် ၆ မိုင် ၊ ၇ ဖာလုံ သို့ ရောက်ရှိပြီး ကမ်းရင်းတာ၊ ပန်းတာနှင့် မြစ်ရေတိုက်စားမှုကြောင့် ကမ်းပြို ကမ်းစားမှုများ ကို ကြည့်ရှုစစ်ဆေးရာ ညွှန်ကြားရေးမှူးချုပ် ဦးဗိုလ်ဗိုလ်ကျော် က ကမ်းပြို ကမ်းစားမှု ကာကွယ်ခြင်း လုပ်ငန်းစဉ်များ ဆောင်ရွက်ခြင်းနှင့် ဆက်လက်ကမ်းပြိုမှု မရှိစေရေး ဆောင်ရွက်ထားမှုများ၊ ဟင်္သာတခရိုင်အတွင်း ရေဘေး အန္တရာယ်ကာကွယ်ရေး လုပ်ငန်း များ အတွက် အရေးပေါ် အသုံးပြုနိုင်ရန် စက်ယန္တရားကြီးများ အသင့် ထားရှိမှု အခြေ အနေများကို ရှင်းလင်း တင်ပြသည်။                  ညနေပိုင်းတွင် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ပုသိမ်ခရိုင်၊ ရေကြည်မြို့နယ် နှင့် သာပေါင်း မြို့နယ်များသို့ ရောက်ရှိပြီး ငဝန်တာ တာမိုင် ၄၅မိုင် မှ ၄၆မိုင် ၂ဖာလုံ အခြေအနေကို ကြည့်ရှု စစ်ဆေးကာ မြစ်ရေကြီးချိန်တွင် ငဝန်တာတမံ ကျိုးပေါက်မှုမရှိစေရေး စနစ်တကျ ကာကွယ် ထိန်းသိမ်းရန်ကြရန်နှင့် ကမ်းပြိုကမ်းစားမှုမရှိစေရေး  ဆောင်ရွက်ရမည့် လုပ်ငန်း စဉ်များအား ညှိနှိုင်း ဆောင်ရွက်ပေးသည်။

ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနအနေဖြင့် မိုးရာသီသို့ ရောက်ရှိ လာပါက တာတမံများ၏ အရေးကြီးနေရာများအား ဂရုပြုစောင့်ကြည့်ခြင်း၊ ပြည်သူများအား ရေဘေး ကာကွယ်ရေး သရုပ်ပြပွဲများဆောင်ရွက်ပေးခြင်း ၊ လက်ကမ်းစာစောင်ဖြန့်ဝေခြင်း ၊ အရေးပေါ် အခြေအနေ ကြိုတင်စီမံခန့်ခွဲမှုစီမံချက်(Emergency Prepareness Plan-EPP) လုပ်ငန်းစဉ်များ ရေးဆွဲ၍ လုပ်ငန်းစဉ်အဆင့် (၁)၊ (၂)၊ (၃) သတ်မှတ်ကာ လုပ်ငန်း အဆင့် အလိုက် သတင်းပို့စနစ် ကျင့်သုံးနိုင်ရန် အသိပညာပေး ဟောပြောခြင်းများကို ဆောင်ရွက် ပေးလျှက်ရှိသည်။                  မိုးရာသီကာလများတွင် ဧရာဝတီ-ဟင်္သာတ တာတမံများတစ်လျှောက် ဌာန ရေကင်း တဲများ ကို ကြံခင်းမြို့နယ်တွင် (၁)ခု၊ မြန်အောင်မြို့နယ်တွင် (၈)ခု၊ အင်္ဂပူမြို့နယ်တွင် (၁၁)ခု၊ ဟင်္သာမြို့နယ်တွင် (၁၃)ခု၊ ဇလွန်မြို့နယ်၊ ဧရာဝတီဟင်္သာတတာတွင် (၇)ခုနှင့် ဧရာဝတီ အရှေ့ဘက်ကမ်း တာတွင် (၄)ခု၊ ပေါင်း (၁၁)ခု၊ ငဝန်တာ တစ်လျှောက် လေးမျက်နှာ မြို့နယ် တွင် (၄)ခု နှင့် ဟင်္သာတခရိုင်တွင် စုစုပေါင်း (၄၈)ခု ကိုလည်းကောင်း၊ ငဝန်တာတမံ တစ် လျှောက် ရေကြည်မြို့နယ်တွင် ဌာနမှ ရေကင်း စခန်း(၄)ခုနှင့် သာပေါင်းမြို့နယ်တွင် ဌာနမှ ရေကင်းစခန်း(၄)ခု၊ စုစုပေါင်း ရေကင်းစခန်း (၈)ခုကိုလည်းကောင်း တည်ဆောက်ထားပြီး ရေဘေးကာကွယ်ရေးပစ္စည်းများထားရှိကာ မိုးရာသီ၌ ရေကြီးမှုဖြစ်စဉ်များ အား အချိန်နှင့် တပြေးညီ ရေကင်းလှည့်လည်ခြင်း နှင့် ထိန်းသိမ်းကာကွယ်ခြင်းလုပ်ငန်းများကို ပုသိမ်ခရိုင် အတွင်း ရေကြည်၊ သာပေါင်း၊ ကျုံပျော်, ကျောင်းကုန်းမြို့နယ်များ အပါအဝင် စုစုပေါင်း ရေဘေး ကာကွယ် ဧရိယာ(၂၁၀၆၇၆)ဧကရှိသော ငဝန်တာ တွင် မိုးရာသီ ရေဘေးကာကွယ်ရေး လုပ်ငန်းများ အား ဆောင်ရွက်လျှက်ရှိကြောင်း၊ ဆည်မြောင်း နှင့် ရေအသုံးချမှု စီမံခန့်ခွဲရေး ဦးစီးဌာန က ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အတွင်း ချောင်း​မြောင်း ၁၅၇ ​မြောင်း ၊ အရှည်မိုင် ၄၉၈ မိုင် တူး​ဖော်​ပေးခဲ့ပြီးဖြစ်ကြောင်း သတင်းရရှိသည်။