နယ်သတင်းများ

မကွေးတိုင်းဒေသကြီးအတွင်း သမဝါယမအသင်းများ ချေးငွေများအချိန်မီပေးဆပ်ခြင်းဖြင့် တာဝန်ကြေ

သမဝါယမဦးစီးဌာနသည် သမဝါယမအသင်းများကို စည်းရုံးခြင်း၊ ပညာမျှဝေခြင်း၊ ကြီးကြပ် တည့်မတ်ခြင်းများ ဆောင်ရွက်ပေးလျက်ရှိပြီး အသင်းသားပြည်သူများ လူမှုစီးပွားဘဝမြင့်မား တိုးတက်အောင် စိုက်ပျိုးစရိတ်ချေးငွေများ၊ သွင်းအားစုများ၊ လယ်ယာသုံး/လုပ်ငန်းသုံးစက်ကိရိယာ များအား အရစ်ကျစနစ်ဖြင့် ရောင်းချပံ့ပိုးပေးခြင်းတို့ကို ဆောင်ရွက်လျက်ရှိရာ အသင်းသားပြည်သူ များကလည်း ချေးငွေများ အတိုး၊ အရင်းကို သတ်မှတ်ရက်အတွင်း ပြန်လည်ပေးဆပ်ခြင်းများဖြင့် ဖွံ့ဖြိုးတိုးတက်အောင် ပူးပေါင်းဆောင်ရွက်လျက်ရှိကြသည်။

မကွေးတိုင်းဒေသကြီးအတွင်း (၂၅)မြို့နယ်ရှိ အခြေခံသမဝါယမအသင်း(၄၇၀၄)သင်းတို့ရှိ အသင်းသား(၃၅၀၈၅၅)ဦးတို့သည် (၁၃)ကြိမ်မြောက် China Exim Bank ပံ့ပိုးချေးငွေကျပ် (၂၇၉၄၀.၈၉၅၄) သန်းအား သတ်မှတ်ရက်အမီ အရင်း၊ အတိုးများကို အပြေအကြေပေးဆပ်နိုင်ခဲ့ပြီး (၁၄)ကြိမ်မြောက် အဖြစ် ကျပ်(၂၉၁၁၈.၀၃၆၅)သန်းအား ၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လတွင် မြို့နယ်များသို့ စာချုပ်ချုပ်ဆို ပြန်လည် ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။