စိုက်ပျိုးရေးကဏ္ဍဖွံ့ဖြိုးတိုးတက်မှုအထောက်အကူပြုစီမံကိန်း (ADSP) အစီအစဉ်ဖြင့် ဖွင့်လှစ် သည့် Training Workshop on GPS Survey for Cadastral Controls, UAV & Satellite Photogrammetry for Cadastral Mapping and Advanced GIS အပတ်စဉ် (၁/၂၀၂၀) သင်တန်း ဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားကို သြဂုတ်လ ၆ ရက် နံနက်ပိုင်းက နေ ပြည် တော် ဂရိတ်ဝေါ ဟိုတယ် ၌ ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ လယ်ယာမြေ စီမံ ခန့် ခွဲ ရေး နှင့် စာရင်းအင်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသက်နိုင်ဦး ၊ ဒုတိယ ညွှန် ကြား ရေး မှူး ချုပ် များ နှင့် ညွှန်ကြားရေးမှူးများ ၊ သင်တန်းသားများ တက်ရောက် ကြသည်။
သင်တန်းတွင် GPS Course ၊ Accuracy Standards for Geospatial Data ၊ Photo grammetry Course ၊ UAV Aerial Survey Course ၊ Satellite Photo grammetry၊ GIS Course ၊ High Resolution Satellite Imagery for Cadastral Mapping Course များပို့ချဆွေးနွေးသွားမည်ဖြစ်ပြီး၊ သင်တန်းသား (၁၅)ဦး တက်ရောက်လျက်ရှိသည့် အဆိုပါသင်တန်းဆွေးနွေးပွဲကို သြဂုတ်လ ၆ ရက်နေ့မှ (၁၇)ရက်နေ့ထိ (၁၄)ရက်ကြာ ကျင်းပ သွားမည်ဖြစ်ကြောင်း သိရသည်။
“ဌာနရဲ့ အဓိကရည်မှန်းချက်ဖြစ်တဲ့ မြေအသုံးချမှုဆိုင်ရာ စာရင်းအင်းအချက် အလက် များ ကိုအခြေခံပြီး၊ ခိုင်မာတဲ့ သတင်းအချက်အလက်စနစ်ထူထောင်ရေးနဲ့ ခိုင်မာမှန်ကန်တဲ့ လယ်ယာကဏ္ဍဆိုင်ရာ စာရင်းအင်းသတင်းအချက်အလက်စနစ် ထူထောင်ရေးတို့မှာ အဓိက ကြောရိုးဖြစ်သည့် ကွင်းမြေပုံတွေကို Digital မြေပုံစနစ် ထူထောင်ပြီး ခိုင်မာမှန်ကန်မှုရှိတဲ့ မြေအသုံးချမှုစာရင်းများနဲ့ အရည်အသွေး ပြည့်ဝတဲ့ စိုက်ပျိုးထုတ်လုပ်မှုစာရင်းတွေကို ခေတ် မီ နည်းပညာများ အသုံးပြုပြီး ပြည်သူလူထု အလွယ်တကူသိရှိအသုံးချနိုင်အောင် ဝန် ဆောင် မှု ပေးနိုင်ဖို့ ကြိုးပမ်း ဆောင်ရွက်သွား မှာ ဖြစ်ပါတယ်” ဟု ညွှန်ကြားရေးမှူးချုပ် က ပြောသည်။ADSP စီမံကိန်းလုပ်ငန်းများတွင် လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန က မြေယာမှတ်တမ်းများစီမံခန့်ခွဲမှု ဖွံ့ဖြိုးတိုးတက်စေရေး လုပ်ငန်းကို အကောင်အထည်ဖေါ် ဆောင်ရွက်လျက်ရှိပြီး၊ Digital ကွင်းမြေပုံများ ထူထောင်ခြင်းလုပ်ငန်း၊ တောင်သူ တစ်ဦးချင်းလုပ်ပိုင်ခွင့်ရ ဧရိယာစာရင်းများ နှင့် သီးနှံစိုက်ပျိုးထုတ်လုပ်မှု အခြေအနေ ကွင်းဆင်းကောက်ယူ မှတ်တမ်းပြုစုခြင်းလုပ်ငန်းများ အပြင် စီမံကိန်းအထောက်အကူပြု သင်တန်းများ၊ အလုပ်ရုံဆွေးနွေးပွဲများ ကျင်းပခြင်းတို့ကိုဆောင်ရွက်လျက်ရှိသည်။
လူ့စွမ်းအားအရင်းအမြစ် ပိုမိုဖွံ့ဖြိုးလာစေရန် နှင့် ဝန်ထမ်းတစ်ဦးချင်းစီ၏ လုပ်ငန်း စွမ်း ဆောင် ရည် တိုးတက်မြင့်မားလာစေရန် တို့ အတွက် ဌာန၏ အဓိက ကြောရိုး သင်တန်းများ အပြင် လုပ်ငန်းခွင်အထောက်အကူပြု ခေတ်မီနည်းပညာ သင်တန်းများကို အခါအားလျော်စွာ ပို့ချ လျက်ရှိကြောင်း၊ ယခုဖွင့်လှစ်သည့် သင်တန်း တွင် ဌာနက တိုင်းတာပြုစု ထိန်းသိမ်းထားသည့် ကွင်းမြေပုံများအား Digital စနစ်ဖြင့် ပြန်လည်တိုင်းတာပုံထုတ်ပြီး၊ ကမ္ဘာလုံးဆိုင်ရာ တည် နေရာပြ စနစ် Global Positioning System(GPS) ဖြင့် ဧရိယာနှင့် တည်နေရာကို ပိုမို တိကျ မှန်ကန်မှု ရှိစေရန်၊ Satellite Imagery ကို အခြေခံ၍ GIS, Remote Sensing and Database နည်းပညာများ ဖြင့် လယ်ယာကဏ္ဍဆိုင်ရာ စာရင်းအင်း သတင်း အချက် အလက် များ ကို ကြိုတင် ထုတ်ပြန်ခြင်း နှင့် စိစစ်အတည်ပြုခြင်းတို့ ဆောင်ရွက် နိုင်ရန် တို့အတွက် ယနေ့ သင်တန်း ကို ရည်ရွယ် ဆောင်ရွက်ခြင်း ဖြစ်ကြောင်း သတင်းရရှိသည်။