သတင်းကဏ္ဍ ဦးစီးဌာနသတင်းများ

“မြန်မာ့စိုက်ပျိုးရေးဖွံ့ဖြိုးတိုးတက်မှု မဟာဗျူဟာ (ADS) ဆိုင်ရာ ရှင်းလင်းဆွေးနွေးပွဲ”ကျင်းပ

     မြန်မာ့စိုက်ပျိုးရေးဖွံ့ဖြိုးတိုးတက်မှုမဟာဗျူဟာ (Agriculture Development Strategy-ADS) နှင့် ကဏ္ဍပေါင်းစုံပါဝင်သော အမျိုးသားအာဟာရဆိုင်ရာစီမံကိန်း MS-NPAN မျှော်မှန်း ချက်များ ပြည့်မီစေရန်အတွက် ဖော်ဆောင်ရမည့် လုပ်ငန်းများအား ပြည်ထောင်စု ၊ တိုင်းဒေသကြီး နှင့် ပြည်နယ်များရှိ စိုက်ပျိုးရေးနှင့် ဆက်စပ်သည့် လွှတ်တော်ကော်မတီများနှင့် ပူးပေါင်းဆောင်ရွက်နိုင်ရေး အထောက်အကူ ပြုစေရန် ရည်ရွယ်၍ မြန်မာ့စိုက်ပျိုးရေးဖွံ့ဖြိုး တိုးတက်မှု မဟာဗျူဟာ (ADS) ဆိုင်ရာ ရှင်းလင်း ဆွေးနွေးပွဲကို ဇူလိုင်လ(၂၉)ရက်နေ့ က စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး ဌာန ရုံးအမှတ် (၃၆) နေပြည်တော်၌ ပြုလုပ် ခဲ့ရာ ဆွေးနွေးပွဲသို့ ပြည်သူ့လွှတ်တော် စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ကျေးလက်လူမှုဘဝ ဖွံ့ဖြိုး တိုးတက်ရေးကော်မတီ၊ ဥက္ကဌ ဦးရန်လင်း၊ စီမံကိန်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်ဆွေလင်း နှင့် EU Head of Cooperation မှ Mr. Johann Hesse တို့တက်ရောက်၍ အဖွင့် အမှာစကားများ ပြောကြားခဲ့ကြသည်။

ဆွေးနွေးပွဲတွင် စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ စီမံကိန်း ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်ဆွေလင်း က ဆွေးနွေးပွဲပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို လည်းကောင်း၊ ADS နှင့် Investment Plan  အား ပထမနှစ် (၂၀၁၈-၁၉ ဘဏ္ဍာနှစ်) အတွင်း အကောင်အထည်ဖော်ဆောင်နိုင်မှု အခြေအနေများကို Agriculture Development Strategy Implementation Support Unit – ADSISU ၏ ညွှန်ကြားရေးမှူး ဒေါ်ယဉ်ယဉ်နွယ် က လည်းကောင်း ရှင်းလင်းတင်ပြကြပြီး ပြည်သူ့ လွှတ်တော် ပြည်သူ့ငွေစာရင်းကော်မတီ၊ တောင်သူလယ်သမားနှင့် အလုပ်သမားရေးရာ ကော်မတီ၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကျေးလက်လူမှုဘဝ ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီ နှင့် ပြည်သူ့ရေးရာစီမံခန့်ခွဲမှု ကော်မတီများ ၏ ဥက္ကဌများ နှင့် အဖွဲ့ဝင်များ က သက်ဆိုင်ရာ လုပ်ငန်း ကဏ္ဍများအလိုက် ဆွေးနွေးခဲ့ကြကြောင်းသတင်းရရှိသည်။