ပြည်ထောင်စုအဆင့်သတင်း သတင်းကဏ္ဍ

ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ  UEHRD မှ တာဝန်ရှိသူများအားတွေ့ဆုံ ၊ ဒေသဖွံ့ဖြိုးရေးဆိုင်ရာကိစ္စရပ်များကို ဆွေးနွေး

               စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ အောင်သူ သည် အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြား‌ရေးမှူးချုပ်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် အတူ ဇူလိုင်လ ၂၃ ရက်နေ့ နံနက် ၁၁ နာရီအချိန်က ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာမှု အကူအညီ အထောက်အပံ့ပေးရေး၊ ပြန်လည်နေရာချထားရေး စီမံကိန်း(UEHRD) ကော်မတီ၏ နိုင်ငံတကာဆက်ဆံရေးလုပ်ငန်းအဖွဲ့တာဝန်ရှိသူများအား ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေး ခန်းမ၌ လက်ခံတွေ့ဆုံ ၍ ဒေသဖွံ့ဖြိုးရေးဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးကြသည်။              ဆွေးနွေးစဉ် စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန က ရခိုင်ပြည်နယ် အတွင်း လူမှုသဟဇာတ စုစည်းညီညွတ်မှု အထောက်အကူပြု အသက်မွေးဝမ်းကျာင်း သင်တန်းများ ၊ အမျိုးသမီး ဦးစားပေး အသက်မွေးဝမ်းကျောင်းသင်တန်းများ ဖွင့်လှစ်ဆောင်ရွက် ပေးနေမှုများကို လည်းကောင်း ၊ ကျေးလက် မီးလင်းရေး ၊ သောက်သုံးရေ ရရှိရေး၊ အခြေခံ အဆောက်အအုံများ ဖွံ့ဖြိုးတိုးတက်ရေး၊ အရည်အသွေး ပြည့်မီသည့် မျိုးကောင်း မျိုးသန့် မျိုးစေ့များ ဖြန့်ဝေပေးခြင်းနှင့် ခေတ်မီစိုက်ပျိုးရေးနည်းစနစ်များ အသုံးပြုခြင်း အသုံးပြုခြင်း ဆိုင်ရာ သင်တန်းများပို့ချဆောင်ရွက် ပေးနေမှုဆိုင်ရာကိစ္စရပ်များ ၊ ရာသီဥတု ပြောင်းလဲမှုဒဏ်ကို ခံနိုင်သော သီးနှံမျိုးစေ့များ ထုတ်လုပ်ခြင်း၊ ရေသိုလှောင်ခြင်း ကို ပုံစံအမျိုးမျိုးဖြင့် တိုးမြှင့် ဆောင်ရွက်ခြင်း၊ ဆည်မြောင်း ရေသောက်စနစ်များ ပိုမိုအားကောင်း လာစေရန် ဆောင်ရွက် ပေးနေမှုများကိုလည်းကောင်း ၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန နှင့် UEHRD ကော်မတီ တို့ အကြား ပူးပေါင်းဆောင်ရွက်နေမှုများတိုးမြှင့်ရေး နှင့် ရှေ့ဆက်ဆောင်ရွက်မည့် ကူညီပံ့ပိုးမှုဆိုင်ရာကိစ္စရပ်များကိုလည်းကောင်း အပြန်အလှန် ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိ သည်။