ကြော်ငြာနှင့်နှိုးဆော်ချက်များ

အခြေခံ ရည်ညွှန်းစပါးစျေးနှုန်း ထုတ်ပြန်ကြေညာချက်

အခြေခံ ရည်ညွှန်းစပါးစျေးနှုန်း ထုတ်ပြန်ကြေညာချက်

ကြေညာချက်အမှတ် (၁/၂၀၂၀)

၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လ ၂၃ ရက်

 

၁။      တောင်သူလယ်သမား အခွင့်အရေးကာကွယ်‌ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေး ဥပဒေပါ ပြဌာန်းချက်များနှင့်အညီ စပါးသီးနှံ စိုက်ပျိုးထုတ်လုပ်သော တောင်သူ လယ်သမားများအတွက် သင့်တင့်မျှတသော စျေးကွက်နှင့် စျေးနှုန်း ဖြစ်ပေါ်စေရေး အတွက် စိုက်ပျိုးထုတ်လုပ်မည့် စပါးသီးနှံ အတွက် အခြေခံရည်ညွှန်း စပါးစျေးနှုန်းကို အောက်ပါအတိုင်း ထုတ်ပြန် ကြေညာ လိုက်သည်။

၂။       အစိုဓာတ်(၁၄)ရာခိုင်နှုန်းရှိ၍ အဖျင်းအမှော်၊ ဖုန်၊ သဲ၊ ခဲ ကင်းစင်ပြီး အရည် အသွေး ဆိုင်ရာ သတ်မှတ် စံချိန်စံညွှန်းများနှင့် ကိုက်ညီသည့် တစ်တင်း (၄၆) ပေါင်ကိုက် စပါးတင်း (၁၀၀)၏ အခြေခံ ရည်ညွှန်းစျေးနှုန်းကို (၅၂၀,၀၀၀) ကျပ် သတ်မှတ်လိုက်သည်။

၃။      စျေးကွက်ပေါက်စျေးသည် အခြေခံရည်ညွှန်းစပါးစျေးနှုန်းအပေါ်တွင် ဖြစ်ပါက စျေးကွက် ပေါက်စျေးအတိုင်း ဝယ်ယူရန်နှင့် စျေးကွက်ပေါက်စျေးသည် အခြေခံ ရည်ညွှန်းစျေးနှုန်း အောက် တွင် ဖြစ်ပါက အခြေခံစျေးနှုန်းအတိုင်း ဝယ်ယူရမည် ဖြစ်ပါသည်။ ယခု သတ်မှတ်သော အခြေခံ ရည်ညွှန်း စပါးစျေးနှုန်းသည် ၂၀၂၀ ပြည့်နှစ် မိုးစပါး နှင့် ၂၀၂၁ ခုနှစ် နွေစပါး တို့အတွက် ရည်ရွယ် ဆောင်ရွက် ခြင်းဖြစ်ပါသည်။

၄။      အခြေခံရည်ညွှန်းစျေးနှုန်းဖြင့် ရောင်းချရန်အခက်အခဲရှိသော တောင်သူ လယ်သမား များ အနေဖြင့် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်၏ မြို့နယ်ကိုယ်စားလှယ်များသို့ ဖြစ်စေ၊ အသင်းချုပ် ရုံးချုပ် (ဖုန်း၊ ၀၁- ၂၃၀၁၁၂၈ ၊ ၀၁- ၂၃၀၁၁၂၉ ၊ ၀၁- ၂၁၈၂၆၆ )သို့ ဖြစ်စေ ဆက်သွယ် နိုင်ပါ ကြောင်း ထုတ်ပြန်ကြေညာအပ်ပါသည်။

တောင်သူလယ်သမားအခွင့်အရေးကာကွယ်ရေးနှင့်

အကျိုးစီးပွားမြှင့်တင်ရေး ဦးဆောင်အဖွဲ့