သတင်းကဏ္ဍ ဦးစီးဌာနသတင်းများ

ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးသက်ဇင်မောင် ရန်ကုန် မြောက်ပိုင်း ခရိုင် မိုးစပါး မျိုးစေ့ထုတ်စိုက်ပျိုးမည့် တောင်သူများနှင့်တွေ့ဆုံ

စိုက်ပျိုးရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးသက်ဇင်မောင် သည် ဇူလိုင်လ (၁၃) ရက် နေ့နံနက်ပိုင်း တွင် ရန်ကုန်မြောက်ပိုင်းခရိုင် တိုက်ကြီး မြို့နယ် ၊ မှော်ဘီမြို့နယ် ၊ ထန်းတပင် မြို့နယ်များ သို့ သွားရောက်၍ COVID. 19 ကာလ စီးပွားရေး ကုစားမှုအစီအစဉ် CERP အထောက်အပံ့ဖြင့် မိုးစပါး မျိုးစေ့ထုတ်စိုက်ပျိုးမည့် တောင်သူများအား တွေ့ဆုံပြီး စပါးမျိုးသန့် မျိုးစေ့ စိုက်ပျိုးထုတ်လုပ်ရာတွင် လိုက်နာရမည့် နည်းပညာရပ်ဆိုင်ရာများ၊ သိမှတ် ဖွယ်ရာများ၊ စိုက်ပျိုးရေးပညာရှင်များက နည်းပညာအကြံဉာဏ်များ နှင့် ကူညီ ဆောင်ရွက်ပေးသွားမည့် အစီအစဉ်များအား ရှင်းလင်းပြောကြားသည်။

တွေ့ဆုံရာတွင် တောင်သူများ ၏ သိရှိလိုသည်များကို ဒုတိယညွှန်ကြားရေးမှူးချုပ် နှင့် တာဝန်ရှိသူများက ရှင်းလင်းဖြေကြားခဲ့ကြပြီး တောင်သူများ၏ နေအိမ်ခြံဝန်းများ မြေလွတ်များ ၌ တစ်ပိုင်တစ်နိုင် စိုက်ပျိုး နိုင်ရန် ဟင်းသီးဟင်းရွက်မျိုးစေ့များကို အခမဲ့ဖြန့်ဝေ ပေးအပ်ခဲ့သည်။

ထို့နောက် ဒုတိယညွှန်ကြားရေးမှူးချုပ် သည် မျိုးစေ့ထုတ်စိုက်ခင်းများကို ကွင်းဆင်း စစ်ဆေးပြီး ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူး ဦးမြင့်ဆွေ ၊ တိုင်းဒေသကြီး၊ ခရိုင် နှင့် မြို့နယ်အဆင့် တာဝန်ရှိသူများအား လုပ်ငန်းဆိုင်ရာလိုအပ်ချက်များဖြည့်စွက်မှာကြားခဲ့သည် ။

နေ့လည်ပိုင်းတွင် ဒုတိယညွှန်ကြားရေးမှူးချုပ် သည် စိုက်ပျိုးရေးဦးစီးဌာန ရန်ကုန်တိုင်း ဒေသကြီး ဦးစီးမှူးရုံး အစည်းအဝေးခန်းမ ၌ တိုင်းဒေသကြီး ခရိုင် နှင့် မြို့နယ်အဆင့် တာဝန်ရှိ သူများအား တွေ့ဆုံ၍ COVID-19 ကာလ စီးပွားရေး ကုစားမှုအစီအစဉ်အရ ဆောင်ရွက် လျှက် ရှိသည့် စိုက်ပျိုးထုတ်လုပ်ရေး လုပ်ငန်းစီမံချက်ဆိုင်ရာများ၊ သီးနှံ စိုက်ပျိုးထုတ်လုပ်မှု အလိုက် ဆောင်ရွက်ပြီး ဆောင်ရွက်ဆဲလုပ်ငန်းများနှင့် ဆက်လက် အကောင် အထည် ဖော် ဆောင်ရွက် မည့် လုပ်ငန်းဆိုင်ရာများကို ရန်ကုန်တိုင်းဒေသကြီး ဦးစီးမှူး ဦးမြင့်ဆွေ ၊ ဒုတိယ တိုင်းဒေသကြီး ဦးစီးမှူး ဦးဇော်လင်း နှင့် တာဝန်ရှိ သူများက သက်ဆိုင်ရာလုပ်ငန်းကဏ္ဍများ အလိုက် တင်ပြ ကြသည် ။တင်ပြချက်များအပေါ် ဒုတိယညွှန်ကြားရေးမှူးချုပ် က ဆွေးနွေး မှာကြားရာတွင် CERP အရ စီးပွားရေး ကုစားမှု အစီအစဉ် အဖြစ် မျိုးစေ့ထုတ်လုပ်ငန်းကို အင်တိုက်အားတိုက် လုပ်ဆောင် နေချိန်တွင် တစ်မြို့နယ် တစ်ရွာ IHTDV ကိုလည်း စဉ်ဆက်မပြတ် လုပ်ဆောင်ရန် လိုအပ် ချက်များ ၊ သက်ဆိုင်ရာလုပ်ငန်းနယ်ပယ်အလိုက် သတ်မှတ် ပြဌာန်းထားသည့် ဥပဒေ စည်းမျဉ်း စည်းကမ်းများကို တိကျစွာ လိုက်နာ ကြရန်နှင့် အစဉ် သဖြင့်လိုက်နာဆောင်ရွက်ကြရန် နှင့် မိမိတို့ကဏ္ဍ အလိုက် တာဝန်ယူထားကြသည့် လုပ်ငန်းအစီအမံများ အောင်မြင်စေရေး ကြိုးပမ်း အားထုတ်ရန်လိုအပ်ချက်များကို အသေးစိတ်ဆွေးနွေးမှာကြားခဲ့ကြောင်း သတင်း ရရှိသည်။