Organic နည်းပညာသင်တန်း အမှတ်စဉ်(၁/၂၀၁၉)ကို ဇွန်လ ၃ရက်နေ့ နံနက်ပိုင်းက မန္တလေးတိုင်းဒေသကြီး၊ ထုံးဘိုရိတ်သိမ်း ချိန်လွန် နည်းပညာသင်တန်းကျောင်း၌ စတင်ဖွင့်လှစ်ခဲ့ပြီး ဇွန်လ ၇ ရက်နေ့ထိ ၅ ရက်ကြာ ဆွေးနွေးပို့ချခဲ့သည်။
နိုင်ငံတော်၏စီးပွားရေး ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် နိုင်ငံတော်အတွင်းရှိ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများအားအသုံးပြု၍ လုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်နိုင်ရေးအတွက် ယခင် နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့က ၁၉၉၁ ခုနှစ်၊ နိုဝင်ဘာလ(၁၃)ရက်တွင် အမိန့် ကြော်ငြာစာအမှတ်(၄၄/၉၁)ဖြင့်ထုတ်ပြန်၍ စီးပွားဖြစ် စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများနှင့် ယင်း နှင့်ဆက်နွယ်လျှက်ရှိသော စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ လုပ်ငန်းများကို လုပ်ကိုင် ဆောင်ရွက် လိုသည့် နိုင်ငံပိုင်စီးပွားရေးအဖွဲ့အစည်းနှင့် သမဝါယမအသင်းများ၊ ဖက်စပ် လုပ်ငန်းများ၊ အခြားအဖွဲ့ အစည်းများနှင့် ပုဂ္ဂလိကများက မြေယာလုပ်ပိုင်ခွင့်/ အသုံးပြုခွင့် အတွက် လျှောက်ထားလာခြင်းများ ကို စတင်ဖိတ်ခေါ်ဆောင်ရွက်ခဲ့ပါသည်။
အရည်အသွေးပြည့်မီပြီး ဈေးကွက်တွင် ယှဉ်ပြိုင်နိုင်သည့် သီးနှံများ စိုက်ပျိုးထုတ်လုပ်နိုင်ခြင်းဖြင့် တောင်သူများ ဝင်ငွေတိုးတက်ကာ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် ထုတ်လုပ်မှု အဆင့်တိုင်း၌ ဆက်စပ်ဌာနများ၊ အဖွဲ့အစည်းများ၊ တောင်သူများ နှင့် ပူးပေါင်း၍ ကြိုးပမ်းဆောင်ရွက်ကြရန် လိုအပ်ကြောင်း ဒီဇင်ဘာလ ၃၀ရက်နေ့ နေ့လည်ပိုင်းက ဂန့်ဂေါမြို့နယ်ဦးစီးမှူးရုံး၌ ဂန့်ဂေါခရိုင် နှင့် မြို့နယ်ဦးစီးမှူးရုံး စိုက်ပျိုးရေးဝန်ထမ်းများနှင့် တွေ့ဆုံစဉ် စိုက်ပျိုးရေးဦးစီးဌာန စိုက်ပျိုးပညာပေးရေးဌာနခွဲ ညွှန်ကြားရေးမှူး ဦးခင်မောင်ညွန့် က ဆွေးနွေးပြောကြားသည်။