ပြည်ထောင်စုအဆင့်သတင်း သတင်းကဏ္ဍ

ပြည်နယ်နှင့် တိုင်းဒေသကြီး စိုက်ပျိုးရေး၊ မွေးမြူရေး၊ ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်း ကြီးကြပ်အဖွဲ့များ နှင့် Virtual Meeting ဆွေးနွေး

         တိုင်းဒေသကြီး နှင့် ပြည်နယ် အစိုးရအဖွဲ့များ၏ ဒေသဖွံ့ဖြိုးရေးဆောင်ရွက်ချက် များတွင် စိုက်ပျိုးရေး၊ မွေးမြူရေး၊ ကျေးလက်ဒေသဖွံ့ဖြိုးရေးကဏ္ဍများအတွက် အထောက် အပံ့ ကောင်းများအဖြစ်   ထိရောက်စွာ ဆောင်ရွက်နိုင်ကြစေရန် ယခုကဲ့သို့ စိုက်ပျိုးရေး၊ မွေးမြူရေး၊ ကျေးလက်ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းကြီးကြပ်အဖွဲ့များ ဖွဲ့စည်း ဆောင်ရွက်စေခြင်း ဖြစ်ပါ ကြောင်း၊ အဖွဲ့အနေဖြင့် စိုက်ပျိုးရေးဖွံ့ဖြိုးတိုးတက်မှုမဟာဗျူဟာ (ADS) နှင့်ဆက်နွယ်သည့် လုပ်ငန်းများ ဆောင်ရွက်ခြင်း၊ စာရင်းဇယား အချက်အလက်မှန်ကန်စေရေး ပူးပေါင်း ဆောင်ရွက်ခြင်း၊ ဒေသဆိုင်ရာ စီမံကိန်းများ ရေးဆွဲခြင်း၊ ရန်ပုံငွေတွက် ချက်ခြင်း၊ လုပ်ငန်း အကောင်အထည် ဖော်မှု အစီရင်ခံ တင်ပြခြင်း၊ ကြီးကြပ် စိစစ်ခြင်း လုပ်ငန်းများ တွင် ပူးပေါင်းဆောင်ရွက်ကြ ရမှာဖြစ် ကြောင်း၊ ဇူလိုင်လ ၃ ရက်နေ့ မွန်းလွဲ ပိုင်းက တိုင်းဒေသကြီး နှင့် ပြည်နယ် စိုက်ပျိုးရေး၊ မွေးမြူရေး၊ ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်း ကြီးကြပ်အဖွဲ့များ နှင့် Virtual Meeting ဆွေးနွေးစဉ် စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှကျော် က ပြောကြားသည်။ဆွေးနွေးပွဲသို့ ဒုတိယဝန်ကြီး ဦးလှကျော် နှင့်အတူ အမြဲတမ်းအတွင်းဝန် ဦးကျော်မင်းဦး၊ ဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာနများ မှ ညွှန်ကြားရေးမှူးချုပ်များ၊ ပြည်နယ် နှင့် တိုင်းဒေသကြီး စိုက်ပျိုးရေး၊ မွေးမြူရေး၊ ကျေးလက်ဒေသ ဖွံ့ဖြိုးရေး ကြီးကြပ်အဖွဲ့ဝင်များ တက်ရောက် ဆွေးနွေး ကြသည်။

ဒုတိယဝန်ကြီး က အမှာစကားပြောကြားရာတွင် စိုက်ပျိုးရေး၊ မွေးမြူရေး၊ ကျေးလက်ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်း ကြီးကြပ်အဖွဲ့များ အနေဖြင့် မြေစီမံခန့်ခွဲမှုလုပ်ငန်းများ ၊ လယ်ယာမြေကို အခြားနည်းအသုံးပြုခွင့် လျှောက်ထားခြင်း လုပ်ငန်းရပ်များတွင် ဥပဒေနှင့်အညီ တိကျ မှန်ကန်စွာ ဖြစ်စေရန် ညှိနှိုင်း ဆောင်ရွက် ကြရန်လိုအပ်ကြောင်း ၊ ၂၀၁၉-၂၀၂၀ဘဏ္ဍာနှစ်တွင် အပြီး ဆောင်ရွက်ရမည့် Covid-19 Economic Relief Plan(CERP) တွင် ပါဝင်သည့် အစီအစဉ်များ နှင့် ဒေသခံများ အလုပ်အကိုင် ဝင်ငွေရရှိရေး၊ ပြောင်းလဲသက်ရောက် လာလျက် ရှိသည့် ရာသီဥတု အခြေအနေအရ စိုက်ပျိုးရေ စနစ်တကျ စီမံခန့်ခွဲပြီး တောင်သူ ကိုယ်တိုင် စီမံခန့်ခွဲနိုင်မည့် ရေအသုံးချသူများအဖွဲ့ ဖွဲ့စည်းဆောင်ရွက်ရေး လုပ်ငန်းများကို ပူးပေါင်း တာဝန်ယူ ဆောင်ရွက်ကြ ရန် ဆွေးနွေးမှာကြားသည်။

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကျေးလက် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင် အထည်ဖော် ဆောင်ရွက်ရာတွင် သက်ဆိုင်ရာ ကဏ္ဍများအလိုက် သတ်မှတ်ပြဌာန်းထားသော ဥပေဒ စည်းမျဉ်း စည်းကမ်းများနှင့်အညီ နိုင်ငံတော် နှင့် ဝန်ကြီးဌာနများ မှ ချမှတ် ထုတ်ပြန်ထားသော မူဝါဒ ရည်မှန်းချက်များ အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် ပြည်ထောင်စု နယ်မြေ နေပြည်တော် ၊ တိုင်းဒေသကြီး/ ပြည်နယ်များ၌ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကျေးလက် ဒေသ ဖွံ့ဖြိုးရေး လုပ်ငန်းများ အကောင်အထည်ဖော်မှု စီမံကြီးကြပ်ရေး အဖွဲ့များ ဖွဲ့စည်းဆောင်ရွက်လျက် ရှိရာ  သီးနှံ မျိုးကောင်းမျိုးသန့်နှင့် မျိုးစေ့များ၊ ရေမြေအခြေအနေနှင့် ညီညွတ်စွာ မျိုးစေ့ ဘဏ်များ ထူထောင်ရေး၊ ခေတ်မီ စက်မှုလယ်ယာ စနစ် ကူးပြောင်းရေးနှင့် လယ်ယာမြေအခြေခံ စက်မှု လုပ်ငန်းများ ဖြင့် တန်ဖိုးမြင့်ထုတ်ကုန်များ တိုးတက် ထုတ်လုပ် နိုင်ရေး၊ တောင်သူ အစု အဖွဲ့များ ကျယ်ပြန့်စွာ ဖွဲ့စည်းဆောင်ရွက်ရေး၊ သဘာဝဂေဟစနစ်များနှင့် ဇီဝမျိုးကွဲများ ဆုံးရှုံးမှ လျော့နည်းစေရေး၊ စိုက်ပျိုးရေးဆိုင်ရာ သတင်း အချက်အလက်ဗဟိုဌာန Information Center ထူထောင်ရေး၊ ရာသီဥတုနှင့် လိုက်လျော ညီထွေရှိမည့် လယ်ယာ ထုတ်ကုန်နှင့် မွေးမြူရေး ထုတ်ကုန်များ ထုတ်လုပ်မှုဆိုင်ရာများအား လေ့လာဖော်ထုတ်နိုင်ရေး၊ အလုပ်အကိုင် အရင်းအနှီး ရရှိစေရေး၊ အရည်အသွေးမြင့် ထုတ်ကုန် များ တိုးတက်ထုတ်လုပ်နိုင် ရေး၊ စိုက်ပျိုးရေးနှင့် မွေးမြူ ရေး ထွက်ကုန်များ ထုတ်လုပ် နိုင်ရေး နှင့် အသေးစား ကုန်ထုတ် လုပ်ငန်း များ ဖွံ့ဖြိုးရေး၊ ပေါင်းစပ် ညှိနှိုင်းမှု အားကောင်း သော အဖွဲ့အစည်း တစ်ခုဖြစ်ရေး၊ သဘာဝဘေးအန္တရာယ်ကြောင့် ထိခိုက် ပျက်စီးမှု စာရင်းအချက် အလက်များ မှန်ကန် တိကျစေရေးလုပ်ငန်းများကို ဆောင်ရွက် လျက် ရှိကြောင်း သတင်းရရှိသည်။