“(၁၀)ကြိမ်မြောက် အာဆီယံပုစွန်မွေးမြူမှု မိတ်ဖက်အဖွဲ့အစည်းအဝေး” (10th Meeting of ASEAN Shrimp Alliance-10th ASA)၊ (၁၂)ကြိမ်မြောက် အာဆီယံ ငါးလုပ်ငန်းအတိုင်ပင်ခံဖိုရမ် (12th Meeting of ASEAN Fisheries Consultative Forum-12th AFCF)နှင့် (၂၈)ကြိမ်မြောက် အာဆီယံငါးလုပ်ငန်းဆိုင်ရာလုပ်ငန်းအဖွဲ့ အစည်းအဝေး (28TH Meeting of ASEAN Sectoral Working Group on Fisheries -28th ASWGFi) အစည်းအဝေးများအား ဘရူနိုင်းဒါရူဆလင်နိုင်ငံမှ အိမ်ရှင်အဖြစ် ဆောင်ရွက်ပြီး ၂၀၂၀ ပြည့်နှစ်၊ ဇွန်လ(၂၂)ရက်နေ့မှ (၂၇)ရက်နေ့အထိ virtual Meeting အဖြစ် တစ်ဆက်တစ်စပ်တည်း အောင်မြင်စွာ ကျင်းပခဲ့သည်။
အဆိုပါအစည်းအဝေးများတွင် မြန်မာနိုင်ငံအနေဖြင့် အာဆီယံစီးပွားရေးအသိုက်အဝန်းဖော်ဆောင် ပြီးနောက် အဖွဲ့ဝင်နိုင်ငံများအကြား ငါးလုပ်ငန်းကဏ္ဍတွင် ပူးပေါင်းဆောင်ရွက်လျှက်ရှိသည့် အရေးကြီးဆွေးနွေးရန်ကိစ္စများ၊ အာဆီယံငါးလုပ်ငန်းမူဝါဒဆိုင်ရာကိစ္စရပ်များ၊ အာဆီယံအဆင့် မြင့်အရာရှိကြီးနှင့် ဝန်ကြီးအဆင့်အစည်းအဝေးများသို့ တင်ပြအတည်ပြုချက်ရယူရမည့်ကိစ္စရပ် များနှင့် ASEAN-SEAFDEC မဟာဗျူဟာလမ်းညွှန်ချက်နှင့်အညီ အာဆီယံဒေသအတွင်း ပုစွန် မွေးမြူထုတ်လုပ်မှု စံချိန်စံညွှန်းများအား တိုးမြှင့်ဆောင်ရွက်နိုင်ရေး ကိစ္စရပ်များစသည့် ငါးလုပ်ငန်း ကဏ္ဍအလိုက်ပူးပေါင်းဆောင်ရွက်ရမည့်လုပ်ငန်းရပ်များကို ညွှန်ကြားရေးမှူးချုပ် ဉီးဝေလင်းမောင် အပါအဝင် ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ညွှန်ကြားရေးမှူးများနှင့် ဒုတိယညွှန်ကြားရေးမှူးများ ပါဝင်တက်ရောက်ခဲ့ပြီး သက်ဆိုင်ရာကိစ္စရပ်များအလိုက် ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးညှိနှိုင်းခဲ့ကြောင်း သိရှိရသည်။