ပြည်ထောင်စုအဆင့်သတင်း သတင်းကဏ္ဍ

ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ၊ မြန်မာနိုင်ငံဆိုင်ရာ နော်ဝေနိုင်ငံသံအမတ်ကြီး အား တွေ့ဆုံ


စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ အောင်သူ သည် အမြဲတမ်းအတွင်းဝန် ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် အတူ ဇူလိုင်လ ၁ ရက်နေ့ နံနက် ၁၁ နာရီက တာဝန်ပြီးဆုံး၍ ပြန်လည်ထွက်ခွါတော့မည့် မြန်မာနိုင်ငံဆိုင်ရာ နော်ဝေနိုင်ငံ သံအမတ်ကြီး H.E. Ms. Tone Tinnes အား Video Call အွန်လိုင်းစနစ်ဖြင့် တွေ့ဆုံနှုတ်ဆက်၍ မြန်မာ-နော်ဝေ နှစ်နိုင်ငံ ငါးလုပ်ငန်းဖွံ့ဖြိုး တိုးတက်ရေး ပူးပေါင်းဆောင်ရွက်နိုင်ခဲ့မှု ၊ “မြန်မာနိုင်ငံ အတွင်း ဆင်းရဲနွမ်းပါးသူများ၏ လူမှုစီးပွားဘဝ တိုးတက်မြင့်လားလာရေးလုပ်ငန်းများ” စီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်ခဲ့မှုတို့ အား ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။
မြန်မာ-နော်ဝေ နှစ်နိုင်ငံ ပူးပေါင်း၍ ငါးလုပ်ငန်းဖွံ့ဖြိုး တိုးတက်ရေး စီမံကိန်း(၂၀၁၉-၂၀၂၄)ကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပြီး၊ မြန်မာနိုင်ငံ ရေပြင်အတွင်း နော်ဝေနိုင်ငံ၏ သုတေသန ရေယာဉ် Dr. Fridjof Nassen ဖြင့် သုတေသန ဆောင်ရွက်ခြင်းဖြင့် မြန်မာနိုင်ငံ၏ ငါးလုပ်ငန်း ကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှုအပေါ် အထောက်အကူပြုနိုင်ခဲ့သည်။ အလားတူ ကျွန်ုပ်တို့၏ သမုဒ္ဒရာညီလာခံသို့ မြန်မာနိုင်ငံက ပါဝင်တက်ရောက်ခဲ့ခြင်းဖြင့် မြန်မာနိုင်ငံ၏ ပင်လယ် သယံဇာတ စီမံခန့်ခွဲမှုလုပ်ငန်းများ တွင် များစွာအထောက်အကူပြုနိုင်ခဲ့သည်။ ထို့အပြင် အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာန နှင့် ပူးပေါင်းကာ ဧရာဝတီတိုင်းဒေသကြီး မြို့နယ်(၃) မြို့နယ်ရှိ ကျေးရွာ(၃၇)ရွာ ၌ နေထိုင်ကြသည့် ဆင်းရဲနွမ်းပါးမိသားစု(၃၀၀၀) ကို အခြေပြုပြီး ဆောင်ရွက်သည့် “မြန်မာနိုင်ငံ အတွင်း ဆင်းရဲနွမ်းပါးသူများ၏ လူမှုစီးပွားဘဝ တိုးတက်မြင့် လာရေးလုပ်ငန်းများ” စီမံကိန်း ရလဒ် အဖြစ် ၂၀၂၀ မေလကုန်ထိ စီမံကိန်းဒေသရှိ ဆင်းရဲနွမ်းပါး မိသားစုများ၏ လူမှုစီးပွားဘဝ ဖွံဖြိုးတိုးတက်ရေး ‌ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း သတင်းရရှိသည်။