ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်ရေးကာလအတွင်း အများပြည်သူများ တစ်ပိုင်တစ်နိုင် ဟင်းသီးဟင်းရွက်များ စိုက်ပျိုးခြင်းဖြင့် မိသားစုစားဝတ်နေရေး အဆင်ပြေစေရေးနှင့် အဟာရ ပြည့်ဝပြီး ဓာတုကင်းစင်သည့် သီးနှံများစားသုံးခြင်းအားဖြင့် ကျန်းမာရေး ကောင်းမွန်စေရေး တို့အတွက် ရန်ကုန် မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှဝန်ထမ်းများက ဟင်းသီးဟင်းရွက် မျိုးစေ့များကို ဇွန်နေ့လ၂၆ရက်နေ့နံနက်ပိုင်းမှ စတင်၍ မြို့နယ်အတွင်း(အခမဲ့) ဖြန့်ဝေပေးလျက် ရှိကြောင်း သိရသည်။
“Home Garden စိုက်ပျိုးနိုင်ဖို့ အတွက် ဆိုပြီးတော့ ဒီနေ့ကအမှတ်(၅)ရပ်ကွက်မှာ ရှိတဲ့ တောင်သူများကို သီးနှံမျိုးစေ့တွေ စတင်ဖြန့်ဝေပေးတာပါ။ ဆက်လက်ပြီးတော့လည်း ရရှိထားတဲ့ မျိုးစေ့တွေကို ရပ်ကွက်၊ ကျေးရွာတွေ အလိုက် ဆက်လက်ဖြန့်ဝေပေးသွားမှာပါ”ဟု မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးစောဝင်းကိုက ပြောသည်။
ဟင်းသီးဟင်းရွက်မျိုးစေ့များ ဖြန့်ဝေပေးခြင်းကို ရန်ကုန်တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန ၏အစီအစဉ်ဖြင့် မြှားနီကုမ္ပဏီမှလှူဒါန်းသည့် ခရမ်းချဉ်သီးမျိုးစေ့(၅)ဂရမ်ပါ အထုတ်(၂ဝဝ)၊ ငရုပ်မျိုးစေ့(၅)ဂရမ်ပါ အထုတ်(၁၄၀)၊ ရုံပတီသီးမျိုးစေ့ (၂၀)ဂရမ်ပါအထုတ်(၉၀)၊ တိုင်ထောင်ပဲ မျိုးစေ့ (၁ဝဝ) ဂရမ်ပါ(၁၃၅)ဗူး၊ တိုင်ထောင်ပဲမျိုးစေ့(၁ဝဝ)ဂရမ်ပါ(၈၈)ထုတ်၊ သခွားမျိုးစေ့ (၁ဝဝ) ဂရမ်ပါ အထုတ် (၂၀၆)နှင့် ပြောင်းမျိုးစေ့(၅ဝဝ)ဂရမ်ပါအထုတ်(၉ဝ) တို့ကို မြို့နယ် အတွင်းရှိ ရပ်ကွက်၊ ကျေးရွာများသို့ ထောက်ပံ့ဖြန့်ဖြူးပေးသွားမည်ဖြစ်ကြောင်းသိရသည်။
ဇင်မင်းထိုက်(ပြန်/ဆက်)