Related Articles
မွေးမြူရေးတိရစ္ဆာန်ကူးစက်ရောဂါ ကြိုတင်ကာကွယ်ရေးအသိပေးနှိုးဆော်ချက်
ရာသီဥတုပြင်းထန်ခြင်းနှင့် ရာသီအကူးအပြောင်းကာလ၌ တိရစ္ဆာန်များတွင် ကူးစက်ရောဂါများ ကျရောက်ဖြစ်ပွားနိုင်ပြီး ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ် စေနိုင်ပါသဖြင့် ကူးစက်ရောဂါ ကြိုတင်ကာကွယ်နိုင်ရေးအတွက် အောက်ပါ အတိုင်း လိုက်နာဆောင်ရွက်နိုင်ပါရန် အသိပေးနှိုးဆော်အပ်ပါသည်- (၁) မိုးဦးရာသီသို့ ကျရောက်လာပြီဖြစ်၍ ကျွဲနွားများ ကာကွယ်ဆေး များကို ထိုးနှံကြရန်၊ (၂) တိရစ္ဆာန်မွေးမြူရေးခြံများ၏ ဇီဝလုံခြုံမှုကို အထူးဂရုပြု ဆောင်ရွက်ရန်၊ (၃) မွေးမြူရေးခြံများတွင် ပိုးသတ်သန့်စင်ခြင်းလုပ်ငန်းကို စနစ်တကျ ပုံမှန်ဆောင်ရွက်ရန်၊ (၄) ရောဂါဖြစ်သည်ဟု သံသယဖြစ်သော တိရစ္ဆာန်များကို သီးခြား ခွဲထားရန်၊ (၅) တိရစ္ဆာန်များတွင် ကူးစက်ရောဂါဖြစ်ပွားသည်ဟု သံသယဖြစ်ဖွယ် တွေ့ရှိရပါက နီးစပ်ရာ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနသို့ အမြန် ဆက်သွယ်ရန်၊ (၆) ရောဂါဖြစ်သော တိရစ္ဆာန်ကို အခြားတိရစ္ဆာန်များနှင့် ဝေးရာတွင် သီးခြားချည်နှောင်ထားရန်နှင့် လွှတ်ကျောင်းခြင်း၊ အခြားနေရာသို့ မောင်းနှင်ရွှေ့ပြောင်းခြင်းမပြုရန်၊ Read More…