Related Articles
ကန္တာရကျိုင်းကောင်(နှံကောင်) (Desert Locust) အန္တရာယ်နှိုးဆော်ချက်
Posted on Author admin
ကန္တာရကျိုင်းကောင်(နှံကောင်) (Desert Locust) မှာ သိပ္ပံအခေါ် Schistocerca gregaria ဖြစ်ပြီး နှံကောင်မျိုးနွယ်ဝင် ဖြစ်ပါသည်။ ၎င်းတို့သည် သဲကန္တာရဆန်သောမြေများ တွင် အုချလေ့ရှိပြီး လိုအပ်သောအစိုဓါတ်ရရှိသည်နှင့် နှံကောင်ငယ်များ ပေါက်ပွားလာပေ သည်။အတောင်ပေါက်၍ ပျံနိုင်သည့်အဆင့်သို့ ရောက်ရှိလာသည့် နှံကောင်အုပ်စုငယ်များ အုပ်စုတစ်ခုနှင့်တစ်ခုစုပေါင်းမိကြသည့်အခါ ရှည်လျားသည့်နှံကောင်အုပ်စုကြီးများအဖြစ် မိုင်ထောင်ပေါင်းများစွာ ပျံသန်းသွားနိုင်၍ သွားရာလမ်းတလျှောက် စိမ်းစိမ်းမြင်သမျှအကုန် စားသောက် ဖျက်ဆီးတတ်ပါသည်။