နယ်သတင်းများ သတင်းကဏ္ဍ

ဥတ္တရသီရိမြို့နယ်တွင် နွားများအား ခွာနာလျှာနာရောဂါ ကာကွယ်ဆေး အခမဲ့ကွင်းဆင်း ထိုးနှံ

နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊ သရက်တော ကျေးရွာအတွင်းရှိ မြစိမ်းရောင် အသားကဏ္ဍဖွံ့ဖြိုးရေး ရန်ပုံငွေဖြင့် မွေးမြူထားသည့် နွားများအား ခွာနာလျှာနာရောဂါ ကာကွယ်ဆေး အခမဲ့ ကွင်းဆင်း ထိုးနှံခြင်းကို ယနေ့ နံနက် ၁၀ နာရီမှ စတင်၍ ဆောင်ရွက်ပေးခဲ့သည်။

ထိုသို့ ဆောင်ရွက်ရာတွင် နေပြည်တော် မွေးမြူရေးနှင့်ကုသရေး ဦးစီးဌာနမှ တိုင်းဦးစီးမှူး ဒေါက်တာ စံထွန်းဝေ ဦးစီး၍ မြို့နယ် မွေးမြူရေးနှင့်ကုသရေး ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါက်တာ တင်ထွန်းနှင့် ဝန်ထမ်းများက မြစိမ်းရောင် အသားကဏ္ဍဖွံ့ဖြိုးရေး ရန်ပုံငွေဖြင့် မွေးမြူထားသည့် နွားအကောင် (၆၀)အား ခွာနာ၊ လျှာနာ ရောဂါကာကွယ်ဆေး အခမဲ့ ကွင်းဆင်း ထိုးနှံပေးခဲ့သည်။ ”ကျွဲ၊ နွားတွေမှာ ဖြစ်တတ်တဲ့ ခွာနာ၊ လျှာနာ ရောဂါဟာ ဗိုင်းရပ်ပိုး တစ်မျိုး ဖြစ်ပြီး ရောဂါဖြစ်ပွားလာရင် ခိုင်းနွားတွေမှာ ခွာကျွတ်၊ လောက်ကျခြင်းတွေ ဖြစ်ပြီးလုပ်ငန်းခွင် မဝင်နိုင်တော့ကြောင်း၊ နို့စားနွားမ တွေမှာတော့ လျှာနာတဲ့အတွက် အစာမစားနိုင်ဘဲ နို့ထွက်နှုန်း ကျတာတွေ ဖြစ်လာနိုင်ကြောင်း ဒေါက်တာ တင်ထွန်းမှ ပြောကြားသည်။

ဆက်လက်၍ သရက်တောကျေးရွာရှိ စိုက်ပျိူးစီးပွား အသိပညာပေး စင်တာတွင် ကျေးရွာအတွင်းရှိ ကျေးလက်နေ ပြည်သူများအား တာဝန်ရှိသူများက မွေးမြူရေးဆိုင်ရာ အကြောင်း သိကောင်းစရာ များကိုလည်း အသိပညာပေး ဟောပြောခဲ့ကြောင်း သိရသည်။

# iprd