နယ်သတင်းများ သတင်းကဏ္ဍ

အောင်လံမြို့နယ် တွင် နို့စားနွားမွေးမြူခြင်းအတွက် လက်ဆင့်ကမ်းဖြန့်ဖြူးခြင်းနှင့် ရန်ပုံငွေပေးအပ်

မကွေးတိုင်းဒေသကြီး သရက်ခရိုင် အောင်လံမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၏ နို့စားနွားမွေးမြူရေးအတွက် ပထမအကြိမ် လက်ဆင့်ကမ်းဖြန့်ဖြူးခြင်းနှင့် ရန်ပုံငွေပေးအပ်ပွဲ အခမ်းအနားကို မေလ(၁၄)ရက် နံနက်(၈)နာရီအချိန်က အဆိုပါဦးစီးဌာနရုံးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ သည်။ အခမ်းအနားသို့ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းသန်း၊ မွေးကုဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါက်တာ ခင်ဌေးမြင့်၊ မြို့နယ်ဦးစီးမှူး ဒေါက်တာနွယ်နွယ်အောင်နှင့် မြို့နယ်ရန်ပုံငွေကြီးကြပ်မှုကော်မတီဝင်များ တက်ရောက်ကြသည်။

အခမ်းအနားတွင် မြို့နယ်အုပ်ချုပ်ရေးမှူးမှ အဖွင့်အမှာစကားပြောကြားကာ မွေးကုဦးစီးဌာန ခရိုင် ဦးစီးမှူးနှင့် မြို့နယ်ဦးစီးမှူးတို့က စီမံကိန်းနှင့်ပတ်သက်ပြီး ရှင်းလင်းပြောကြားကြပြီး မြို့နယ်အုပ်ချုပ် ရေးမှူးမှ လက်ဆင့်ကမ်းရန်ပုံငွေအား ကော်မတီထံလွှဲအပ်ခဲ့သည်။

ယင်းရန်ပုံငွေမှ နို့စားနွားတစ်ကောင်လျှင် (၁၅)သိန်းနှုန်းဖြင့် နွားအကောင်(၂၀) ဝယ်ယူဖြန့်ဖြူးရမည်ဖြစ်ပြီး ကျန်ရှိငွေအား ကော်မတီမှ သက်တမ်းကာလ သုံးလအတွင်း ရရှိလာမည့် အတိုးများနှင့်ပေါင်းပြီး မူလတန်းကျောင်းကလေးငယ်များအား နွားနို့တိုက်ကျွေးသွားမည် ဖြစ်ကြောင်း သိရသည်။