နယ်သတင်းများ

အသက်မွေးဝမ်းကျောင်း အထောက်အကူပြု အဆင့်မြင့်စက်ချုပ်သင်တန်းဖွင့်ပွဲကျင်းပ

ကျေးလက်နေအမျိုးသမီးငယ်များ အလုပ်အကိုင် အခွင့်အလမ်းရရှိစေရန်နှင့် အသက်မွေးဝမ်းကျောင်း ပညာရပ်များ တတ်မြောက်စေရန်ရည်ရွယ်၍ မော်လမြိုင်ခရိုင် ကျိုက်မရောမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သော အသက်မွေးဝမ်းကျောင်း အထောက်အကူပြု အဆင့်မြင့် အပ်ချုပ်စက်သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက ကျိုက်မရောမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးရုံးသင်တန်းခန်းမ၌ ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ မြို့နယ်ဦးစီးမှူး မင်းသန့်ဇော်ထွန်းက အဆင့်မြင့် စက်ချုပ်သင်တန်း ဖွင့်လှစ်ရခြင်း နှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် သင်တန်းသူများအား သင်ထောက်ကူ ပစ္စည်းနှင့် စာရေးကိရိယာများ ဝတ်စုံများကို တာဝန်ရှိသူ များက ပေးအပ်ခဲ့သည်။ သင်တန်းဖွင့်ပွဲ အခမ်းအနား သို့ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ သင်တန်းနည်းပြ ဆရာမများနှင့် သင်တန်းသူ (၁၅)ဦးတို့ တက်ရောက်ခဲ့ကြပြီး သင်တနိးကာလမှာ (၄)ပတ်ကြာ သင်ကြား ပို့ချပေးသွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။