မိသားစုဥယျာဉ်

ဟင်းသီးဟင်းရွက် အမျိုးအစားခွဲခြားခြင်း

(၁) အဓိက စိုက်ပျိုးနေသော ဟင်းသီးဟင်းရွက်များကို ရုက္ခဗေဒအရခွဲခြားလျှင်

  • မုန်ညင်း၊မုန်လာအုပ်စု(CRUCIFERAE)၊
  • ကြက်သွန်အုပ်စု(ALLIACEAE)၊
  • ဘူး၊ဖရုံအုပ်စု (CUCURBITACEAE)၊
  • အာလူး၊ခရမ်းချဉ်အုပ်စု(SOLANACEAE)၊
  • ပဲမျိုးနွယ်အုပ်စု(LEGUMINACEAE)

(၂) အပူအအေးလိုအပ်ချက်အရ ခွဲခြားလျှင် အအေးကြိုက်သော ဟင်းသီးဟင်းရွက်အများစုကို အခြေခံအားဖြင့် တောင်ပေါ်ဒေသများ တွင် တစ်နှစ်ပတ်လုံးစိုက်ပျိုးနိုင်ကြပြီး မြေပြန့်ဒေသများတွင် ရာသီ ဥတု အေးမြသော ဆောင်းရာသီတွင်သာ စိုက်ပျိုးနိုင်ကြ ပါသည်။

  • ဥပမာ- ကွမ်းသီးသဏ္ဍန် ဂေါ်ဖီထုပ်၊ မုန်ညင်းထုပ်၊ နိုကိုဥ၊ သကြားမုန်လာ၊ ဂေါ်ဖီထုပ်၊ မုန်လာဥနီ၊ တရုတ်နံနံ၊ ဘရိုကိုလီ(ပန်းဂေါ်ဖီအစိမ်း)

အနွေးဓာတ်ကြိုက်သော ဟင်းသီးဟင်းရွက်အုပ်စုများကို အခြေခံအားဖြင့် မြေပြန့်ဒေသ များတွင် တစ်နှစ်ပတ်လုံး စိုက်ပျိုးနိုင်ကြပြီး တောင်ပေါ်ဒေသတွင် နွေဦးရာသီမှာ စိုက်ပျိုးကြပါသည်။

  • ဥပမာ- သခွား၊ မုန်လာဥဖြူ၊ ပဲတောင့်ရှည်၊ ဟင်းနုနွယ်

(၃) ဟင်းသီးဟင်းရွက်ကို အခြေခံအားဖြင့် အသုံးပြု၍ ရနိုင်သော အစိတ်အပိုင်းအလိုက် ခွဲခြား ကြပါသည်။

  • အရွက်စားသုံးသောအပင်များမှာ
    ဥပမာ- မုန်ညင်း၊ကန်စွန်းရွက်၊ကိုက်လန်၊ကန်စွန်းဥရွက်၊နံနံ၊ ဟင်းနုနွယ်၊Spinach၊ ဒန့်သလွန်
  • အသီးစားသုံးသောအပင်များမှာ
    ဥပမာ-ခရမ်းသီး၊ခရမ်းချဉ်သီး၊ဘူး၊ဖရုံ၊သခွား၊သခွားမွှေး၊ ဖရဲသီး
  • အမြစ်ပိုင်းကို စားသုံးရသောအပင်များမှာ
    ဥပမာ- မုန်လာဥဖြူ၊မုန်လာဥနီ၊ ကြက်သွန်၊ ကြက်သွန်ဖြူ၊ အာလူး
  • အပွင့်ကိုစားသုံးရသောအပင်များမှာ
    ဥပမာ-ပန်းဂေါ်ဖီအစိမ်း၊ ပန်းဂေါ်ဖီ၊ ဖရုံပွင့်၊ မုန်ညင်းဖြူပွင့်၊ ပေါက်ပန်းဖြူပွင့်၊ ငှက်ပျောဖူး
  • အစေ့ကိုစားရသောအပင်များမှာ
    ဥပမာ- ပဲပင်ပေါက်၊ ပဲပုပ်စေ့၊ ပဲတောင့်ရှည်စေ့၊ ရွှေပဲသီးစေ့