စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန မှ ကြီးမှူး၍ ဖွင့်လှစ်သော အသက်မွေး ဝမ်းကျောင်း အထောက်ကူပြု သံချည် သံကွေး သံဂဟေ သင်တန်းဖွင့်ပွဲ အခမ်း နားကို ယနေ့ နံနက် ၉ နာရီ အချိန်က ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ရုံးတွင် ကျင်းပပြု လုပ်သည်။
အခမ်းနားတွင် အမှတ် ၁ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးမောင်မောင်ဝင်း၊ အမှတ် ၂ တိုင်းဒေသ ကြီး လွှတ်တော် ကိုယ်စာလှယ် ဦးစိုးဝင်းထွန်း တို့က အမှာစကား ပြောကြားကြ သည်။
ထို့နောက် ဝက်လက်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာန၊ မြို့နယ် ဦးစီးမှူး ဦးအောင်လွင်ဦး က သင်တန်းဖွင့် လှစ်ရခြင်းနှင့် ပတ်သတ်၍ ကျေးလက်ဒေသများတွင် ကျွမ်းကျင် လုပ်သား လိုအပ်ချက်များကို ဖြည့်ဆည်း ဆောင်ရွက်နိုင်ရန် မိမိတို့ဌာန အနေဖြင့် သက်မွေး ဝမ်းကျောင်း အထောက်ကူပြု သင်တန်းများကို အစဉ်ဆက်မပြတ် ဖွင့်လှစ်ပေးလျက်ရှိကြောင်း သင်တန်းသားများ အနေဖြင့် ယခုဖွင့်လှစ်သော သင်တန်းအား တစ်ပိုင် တစ်နိုင်စိတ်ဖြင့် လေ့လာ မှတ်သား သင်ယူစေလိုကြောင်း ပြောကြားသည်။
အဆိုပါ သင်တန်းဖွင့်ပွဲသို့တိုင်ဒေသကြီး လွှတ်တော် ကိုယ်စားလှယ် များ၊ ဌာနဆိုင်ရာ အကြီးကဲများ နှင့် ဝက်လက် မြို့နယ် အတွင်းရှိ ကျေးရွာ အသီးသီးမှ သင်တန်းသား ၂၀ ဦး တက်ရောက်ရာ သင်တန်း ကာလမှာ တစ်လကြာ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။