နယ်သတင်းများ သတင်းကဏ္ဍ

ရေနံချောင်းမြို့နယ်အတွင်းရှိ မျိုးစေ့ထုတ်အကျိုးဆောင်တောင်သူ များအား မျိုးစေ့များထောက်ပ့ံပေး

     စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ရေနံချောင်းမြို့နယ် စိုက်ပျိုးရေး ဦးစီးဌာနနှင့် တောင်သူမျာ းပူးပေါင်း၍ မျိုးကောင်းမျိုးသန့်များ ထုတ်လုပ်နိုင်ရန် မျိုးစေ့ထုတ်အကျိုးဆောင်တောင်သူများအား ထိုင်းနှံကောက်စပါးနှင့် ရေဆင်း ဆင်းပဒေသာ(၁၁) မြေပဲ မျိုးကောင်းမျိုးသန့် မျိုးစေ့များ ထောက်ပ့ံပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံးတွင် ကျင်းပသည်။

အခမ်းအနားသို့ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းလှ၊ စိုက်ပျိုးရေးဦးစီးဌာန ဒုတိယတိုင်းဦးစီးမှူး ဦးတိုးမင်း၊ ခရိုင်ဦးစီးမှူးဦးငွေဆန်း၊ ရေနံချောင်းမြို့နယ် လယ်ယာမြေစီမံခန့်ခွဲရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စိုက်ပျိုးရေး မန်နေဂျာနှင့် ဝန်ထမ်းများနှင့် မျိုးစေ့ထုတ်အကျိုးဆောင်တောင်သူ ၅၀ ဦးတက်ရောက်ခဲ့ သည်။

အခမ်းအနားတွင် မြို့နယ်စိုက်ပျိုးရေးမန်နေဂျာ ဒေါ်မြင့်မြင့်ချိုက မျိုးစေ့ထောက်ပ့ံပေးမှုနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး မျိုးစေ့ထုတ်အကျိုးဆောင်တောင်သူ ၅၀ ဦးအား ထိုင်းနှံကောက်မျိုးကောင်းမျိုးသန့် စပါး ၅၀ တင်းနှင့် ရေဆင်း ဆင်းပဒေသာ(၁၁)မြေပဲမျိုးကောင်းမျိုးသန့် ၁၅၉ တင်းကို တာဝန်ရှိသူများက ခွဲဝေထောက်ပ့ံပေးအပ်ခဲ့သည်။

အဆိုပါ မျိုးကောင်းမျိုးသန့် ထောက်ပ့ံပေးခြင်းသည် မကွေးတိုင်းဒေသကြီး စိုက်ပျိုးရေး ဦးစီးဌာန အစီအစဉ်ဖြင့် တောင်သူအားလုံးကို ပေးခြင်းမဟုတ်ဘဲ ဒေသနှင့်ကိုက်ညီသော မျိုးကောင်းမျိုးသန့်များကို မျိုးစေ့ထုတ်လုပ်မည့် အကျိုးဆောင်တောင်သူများကိုသာ ထုတ်ပေးခြင်းဖြစ်ပြီး ၎င်းတို့လယ်ယာမြေများမှတဆင့် ထွက်ရှိလာသော မျိုးကောင်းမျိုးသန့်များကို ဒေသတိုင်း လျင်မြန်စွာ ပျံ့နှံ့ရောက်ရှိနိုင်ရန် လက်ဆင့်ကမ်း ဖြန့်ဝေသွားမည်ဖြစ်ပြီး တိုင်းဒေသကြီး အတွင်းရှိ စိုက်ပျိုးဧကများကို မျိုးကောင်းမျိုးသန့်များ လွှမ်းခြုံစိုက်ပျိုးနိုင်ရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း သိရသည်။

iprd