ကျေးရွာသစ်လှုပ်ရှားမှုမွမ်းမံ သင်တန်းအမှတ်စဉ်(၃/၂၀၁၉)ဖွင့်ပွဲအခမ်းအနားကို ၂၀၁၉ ခုနှစ်၊ မေလ(၂၀)ရက်နေ့ နံနက်(၈)နာရီခွဲအချိန်က နေပြည်တော် ရေဆင်း ရှိ AERDTC သင်တန်းကျောင်း၌ကျင်းပရာ အခမ်းအနားသို့ စိုက်ပျိုးရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ဦးအေးကိုကို၊ သင်တန်းကျောင်းတာဝန်ခံ ဒေါက်တာညီညီ၊ သင်တန်းနည်းပြများ၊ နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် တနင်္သာရီတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်နှင့်မွန်ပြည်နယ်တို့ရှိ ကျေးရွာသစ်လှုပ်ရှားမှု စီမံကိန်းဝင်ကျေးရွာများမှ သင်တန်းသား၊ သင်တန်းသူများတက်ရောက်ကြသည်။
အခမ်းအနားကို နိုင်ငံတော်သီချင်း သီဆို၍ ဖွင့်လှစ်ပြီး စိုက်ပျိုးရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ဦးအေးကိုကို က အဖွင့်အမှာစကားပြောကြားပြီး ၊ သင်တန်းကျောင်း တာဝန်ခံ ဒေါက်တာညီညီ က သင်တန်းသားများအား ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားသည်။
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန က အကောင်အထည်ဖော်ဆောင်ရွက်လျှက်ရှိသော မြန်မာဆယ်မာအူးလ်အွန်ဒုန်စီမံကိန်းအရ နေပြည်တော် ကောင်စီနယ်မြေ၊ ဇေယျာသီရိမြို့နယ်၊ ရေဆင်းတွင် ဖွင့်လှစ်ထားသော စိုက်ပျိုးပညာပေးရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးသင်တန်းကျောင်း AERDTC တွင် ကျေးရွာသစ်လှုပ်ရှားမှု မွမ်းမံသင်တန်းများကို ဖွင့်လှစ်လျှက်ရှိရာ ယနေ့ဖွင့်လှစ်သည့် သင်တန်းသည် တတိယအကြိမ်မြောက် သင်တန်းဖြစ်သည်။ အခြေခံ သင်တန်းတက်ရောက်ပြီးသူများအား ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ပိုမို ကောင်းမွန် အောင်မြင်စွာအကောင်အထည်ဖော်နိုင်ရန် ရည်ရွယ်ဖွင့်လှစ်သော အဆိုပါသင်တန်းသို့ စီမံကိန်းဒေသများမှ သင်တန်းသား သင်တန်းသူ (၇၂)ဦးတက်ရောက်ကြသည်။
စီမံကိန်းကြီးပြီးမြောက်သွားသည့်အခါမှာလည်း ကျေးရွာဖွံ့ဖြိုးတိုးတက် ရေးလုပ်ငန်းများကို ဆက်လက်လုပ်ဆောင်ရမှာဖြစ်သည့်နည်းတူ စံပြကျေးရွာ အဆင့် A, B, C မည်သို့ ပင်ကွဲပြားစွာ ရရှိပါစေ စီမံကိန်းဝင်ကျေးရွာ (၁၁၀)သည် အခြားကျေးရွာများအတွက် စံနမူ နာယူထိုက်သော စံပြကျေးရွာများအဖြစ် အရှိန်အဟုန်မပျက် ဆက်လက် ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ ကျေးရွာခေါင်းဆောင်များ၊ ကျေးရွာသူ၊ ကျေးရွာသားများသည် စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်ဖြင့် အတူတကွပူးပေါင်းဆောင် ရွက်ကြကာ မိမိတို့ကျေးရွာများ ယခုထက်ပိုမိုဖွံ့ဖြိုးတိုးတက်အောင် စွမ်းဆောင်ကြရမှာ ဖြစ်ကြောင်း၊ အခက်အခဲများ၊ ကျေးရွာအတွင်းရှိ မတူညီမှုများကိုလည်း အားလုံး ညီညာစွာ ဝိုင်ဝန်းဖြေရှင်းပြီး မိမိတို့ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးမှသည် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ခြင်း ဆီသို့ရောက်အောင် လျှောက်လှမ်းကြရမှာဖြစ်ကြောင်း ဒုတိယညွှန်ကြားရေးမှူးချုပ်က ပြောကြားသည်။
ယနေ့ဖွင့်လှစ်သည့် မြန်မာဆယ်မာအူးလ်အွန်ဒုန်စီမံကိန်း ကျေးရွာသစ်လှုပ်ရှားမှုမွမ်းမံသင်တန်း အမှတ်စဉ် (၃/၂၀၁၉)သင်တန်းကို မေလ(၂၀)ရက်နေ့မှ (၂၄)ရက်နေ့အထိ ကျင်းပမှာဖြစ်ကြောင်း သတင်းရရှိသည်။