နယ်သတင်းများ သတင်းကဏ္ဍ

မျိုးစေ့ထုတ်မည့် အကျိုးဆောင်တောင်သူများအား မျိုးစေ့ထောက်ပံ့ပေးအပ်ပွဲ ဆောမြို့တွင်ကျင်းပ

ဂန့်ဂေါခရိုင်၊ ဆောမြို့တွင် မိုးရာသီတွင် မျိုးစေ့ထုတ်လုပ်မည့် အကျိုးဆောင် တောင်သူများအား မျိုးစေ့ ထောက်ပံံ့ ပေးအပ်ပွဲကို ယမန်နေ့ နံနက်(၁၁)နာရီခွဲက စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးတွင် ကျင်းပရာ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးကျော်မြင့်က တောင်သူများအား မျိုးစေ့ ထောက်ပံ့ ခြင်းနှင့် ပတ်သက်၍ အမှာစကားပြောကြားပြီးနောက် မျိုးစေ့ထောက်ပံ့ပေးအပ်ရသည့် ရည်ရွယ်ချက်အား စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးခင်မောင်ကြည်က ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍ စပါးမျိုးစေ့များကို အမှတ်(၁)၊ အမှတ်(၂) တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်များနှင့် တာဝန်ရှိသူများက တောင်သူကိုယ်စားလှယ်များအား အသီးသီးပေးအပ်ခဲ့ကြကြောင်း သိရသည်။

အဆိုပါအခမ်းအနားတွင် ဆောမြို့နယ်အတွင်းရှိ ကျေးရွာ (၃၁)ရွာမှ အကျိုးဆောင်တောင်သူများအား ဆင်းသုခ စပါးမျိုးသန့် တင်း(၂၅၀)၊ ဆင်းပဒေသာမြေပဲ (၂၉)တင်း၊ ရှပ်ဖြူနှမ်း(၂)တင်း၊ မကွေးနက်နှမ်း (၂) တင်း ပေးအပ်ကြောင်းနှင့် အခမ်းအနားသို့ လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာများ၊ အကျိုးဆောင် တောင်သူများ (၂၂၀) ဦးတက်ရောက်ခဲ့ကြောင်းသိရသည်။

Iprd