စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ အောင်သူ သည် အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ နှင့် အတူ မေလ (၂၉)ရက်နေ့ နေ့လယ်ပိုင်းက ဒေါ်ဆွမ်လွတ်ဆိုင်းခေါန် ဦးဆောင်သော မြစ်ရွမ်း(Myitrum)ကိုယ်ထူကိုယ်ထ လူမှုဖွံ့ဖြိုးရေးအဖွဲ့အား နေပြည်တော် ရုံးအမှတ်(၁၅)ရှိ ပြည်ထောင်စု ဝန်ကြီး ရုံး အစည်းဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။
ဧရာဝတီတိုင်းဒေသကြီးတွင် ရေလုပ်သားခေါင်းဆောင်များ စုဖွဲ့၍ ကူညီပေး နိုင်ခဲ့မှု ကြောင့် ရေလုပ်သားများ၏ စားဝတ်နေရေး၊အလုပ်အကိုင်အခွင့်လမ်းအကျိုးကျေးဇူး ခံစားရမှုအပေါ် စီမံဆောင်ရွက်ပေးပါသော စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး ဌာန နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့တို့အား အထူးကျေးဇူးတင်ရှိပါကြောင်း၊ မြစ်ရွမ်း (Myitrum)ကိုယ်ထူကိုယ်ထ လူမှုဖွံ့ဖြိုးရေး အဖွဲ့ အနေဖြင့် ဝန်ကြီးဌာန၏ လက်ရှိ အကောင်အထည်ဖော် ဆောင်ရွက်ချက်များနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်း ဆိုင်ရာများကို ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်ရေးအတွက် လမ်းညွှန်မှုပြု နိုင်ပါရန်တင်ပြသည်။
တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက မြစ်ရွမ်း(Myitrum)၏ ဆောင်ရွက်ချက် များ နှင့် အားထုတ်ကြိုးပမ်းမှုအပေါ် မိမိတို့ဝန်ကြီးဌာနမှ အသိအမှတ်ပြုပါကြောင်း၊ မြစ်ရွမ်း (Myitrum)၏ ဆောင်ရွက်ချက်များနှင့်အတူ စိုက်ပျိုး၊မွေးမြူရေးနှင့်ပတ်သက်၍ သတ်မှတ် ပြဌာန်းထားရှိသော ဥပဒေ နည်းဥပဒေများနှင့် နည်းပညာဆိုင်ရာ ဗဟုသုတများအား တောင်သူများနှင့် ရေလုပ်သားများ ပိုမိုသိရှိစေရေးကိုပါ တစ်ပြိုင်တည်း ဆောင်ရွက်ပေး သွားစေလိုပါကြောင်း ၊ မြစ်ရွမ်း (Myitrum)၏ ဆောင်ရွက်ချက်များ အပေါ် ဝန်ကြီးဌာနဘက်မှလည်း ဥပဒေ လုပ်ထုံး လုပ်နည်းများ နှင့်အညီ ဖြစ်စေရေး စွမ်းအားရှိသမျှ ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ဆွေးနွေးပြောကြား ခဲ့ကြောင်း သိရှိရသည်။