ပြည်ထောင်စုအဆင့်သတင်း သတင်းကဏ္ဍ

ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ မြန်မာနိုင်ငံ သဘင်အစည်းအရုံး(ဗဟို) နာယက ၊ ဥက္ကဌ နှင့် ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ၊ သဘင်အစည်းအရုံးဖွံ့ဖြိုးရေး ဆိုင်ရာကိစ္စရပ်များကို ဆွေးနွေ

စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူသည် အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ် နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ နှင့်အတူ မေလ ၂၇ ရက် ညနေပိုင်းတွင် မြန်မာနိုင်ငံ သဘင်အစည်းအရုံး(ဗဟို) နာယက ဦးချမ်းသာ၊ ဥက္ကဌ ဦးဖိုးချစ် ၊ ဒုတိယဥက္ကဌ(၁) ဦးမိုးဝင်း နှင့် ဒေါ်ပတ္တမြားကေခိုင် တို့ပါဝင်သောအဖွဲ့အား နေပြည်တော်ရုံးအမှတ် ၁၅ ရှိ ပြည်ထောင်စုဝန်ကြီးရုံးဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

တွေ့ဆုံစဉ် မြန်မာနိုင်ငံ သဘင်အစည်းအရုံးဗဟို ဥက္ကဌ ဦးဖိုးချစ် နှင့် အစည်းအရုံးဝင်များ က မြန်မာ့သဘင် ဖွံ့ဖြိုးရေးအတွက်ကြိုးပမ်းနေမှုများနှင့် ဆက်လက်လုပ်ကိုင်လိုသည့် လုပ်ငန်းရပ်များအား တင်ပြရာ ပြည်ထောင်စုဝန်ကြီး က သဘင်ဂီတ အနုပညာရှင်များသည် မိမိတို့တတ်ကျွမ်းသည့် အနုပညာများဖြင့် နိုင်ငံဖွံ့ဖြိုးရေးအတွက် အားဖြည့်ပါဝင် ခဲ့ကြသည်များမှာ ခေတ်အဆက်ဆက်တွေ့မြင်ခဲ့ရကြောင်း၊ မြန်မာယဉ်ကျေးမှု၏ ဂုဏ်ဒြပ် တစ်ခုဖြစ်သော ရိုးရာ သုခုမအနုပညာလုပ်ငန်းများ ရေရှည်တည်တံ့ခိုင်မြဲရေး နှင့် ဖွံ့ဖြိုးတိုးတက် ရေးတို့ အတွက် မိမိတို့ဝန်ကြီးဌာနများအနေဖြင့် အတတ်နိုင်ဆုံး ကူညီပေးနိုင်သည်များရှိပါက အားပေးကူညီမှုများ ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ပြောကြားပြီး ၊ သဘင်အစည်းအရုံး ဖွံ့ဖြိုးရေး ဆိုင်ရာကိစ္စရပ်များ၊ သဘင်ရွာတည်ထောင်ရေးကိစ္စရပ် နှင့် သဘင်အစည်းအရုံး မြေနေရာရရှိရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးကြကြောင်း သိရှိရသည်။