နယ်သတင်းများ သတင်းကဏ္ဍ

တန့်ဆည်မြို့နယ်၌ သဖန်းဆိပ်ဆည်ရေဖြင့် နွေစပါးဧက(၃)သောင်းကျော်စိုက်ပျိုး

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ တန့်ဆည်မြို့နယ်တွင် ယနေ့အချိန်အထိ သဖန်းဆိပ်ဆည်ရေဖြင့် နွေစပါးဧက ၃၂၉၆၈ စိုက်ပျိုးပြီးဖြစ်ကြောင်း သိရသည်။

နွေစပါးအတွက် ဆည်ရေကို ဇန်နဝါရီလ တတိယပတ်မှ စတင်၍ သဖန်းဆိပ်ရေလှောင် တမံ၊ ကင်းတပ်ရေလွှဲဆည် လက်ယာမြောင်းမှတစ်ဆင့် ပေးဝေခဲ့ပြီး ၂၀၁၈-၂၀၁၉ နွေစပါး စိုက်ဧက ၃၂၆၆၀ စိုက်ပျိုးရန် လျာထားရာ ဧက ၃၂၉၆၈ စိုက်ပျိုးပြီးဖြစ်ကြောင်း သိရသည်။

ကင်းတပ်ရေလွှဲဆည် လက်ယာမြောင်းမှတစ်ဆင့် ဆည်ရေအသုံးပြုနိုင်သော မြို့နယ်များမှာ တန့်ဆည်၊ ရေဦး၊ ဒီပဲယင်း၊ အရာတော်၊ ဘုတလင်မြို့နယ်များဖြစ်ကြောင်း ဆည်မြောင်းဦးစီးဌာနထံမှ သိရှိရသည်။