ဦးစီးဌာနသတင်းများ

ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲထွန်းဝင်း ၊ ကမ္ဘာလုံးဆိုင်ရာ OIE ကိုယ်စားလှယ်များ ၏ ၈၇ ကြိမ်မြောက် အထွေထွေညီလာခံ သို့ တက်ရောက်

မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲထွန်းဝင်း ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် မေလ (၂၆)ရက်နေ့ မှ (၃၁)ရက်နေ့အထိ ပြင်သစ်နိုင်ငံ ပါရီမြို့တွင်ကျင်းပပြုလုပ်သည့် ကမ္ဘာလုံးဆိုင်ရာ OIE ကိုယ်စားလှယ်များ ၏ ၈၇ ကြိမ်မြောက် အထွေထွေညီလာခံ သို့ တက်ရောက် လျက်ရှိကြသည်။

အဆိုပါ ကမ္ဘာ့တိရစ္ဆာန် ကျန်းမာရေးအဖွဲ့ (World Organisation for Animal Health-OIE) ကိုယ်စားလှယ်များ၏ အထွေထွေညီလာခံ သို့ တက်ရောက်ခြင်း အားဖြင့် OIE မှ ချမှတ်ထားသော ဆုံးဖြတ်ချက်များအပေါ် မြန်မာနိုင်ငံ၏ သဘောထား မှတ်ချက်များ တင်ပြနိုင်မည်ဖြစ်သည့်အပြင် မြန်မာနိုင်ငံတွင် ဖြစ်ပွားသော တိရစ္ဆာန် ရောဂါများ၊ တိရစ္ဆာန်မှ လူသို့ကူးစက်တတ်သော ရောဂါများ ဖြစ်ပွားမှု ကာကွယ် ထိန်းချုပ်ခြင်း၊ တိရစ္ဆာန် နှင့် တိရစ္ဆာန်ထွက်ပစ္စည်းများအပေါ် အပြည်ပြည် ဆိုင်ရာ ကုန်သွယ်မှုတွင် ဘေးအန္တရာယ်ကင်းရှင်းရေးတို့နှင့်စပ်လျဉ်း၍ အထောက်အပံ့ ရရှိနိုင်ရန် ညှိနှိုင်းမှုများ ပြုလုပ်နိုင်မှာဖြစ်ကြောင်း သိရှိရသည်။