နယ်သတင်းများ သတင်းကဏ္ဍ

ညောင်ဦးမြို့နယ် တွင် ဒေသနှင့်ကိုက်ညီသည့်မျိုးရွေးချယ်နိုင်စေရန် ပဲစဉ်းငုံမျိုးယှဉ်ပြိုင်စမ်းသပ် စိုက်ပျိုး

စိုက်ပျိုးရေးဦးစီးဌာန နှင့် စိုက်ပျိုးရေးသုတေသနဦးစီးဌာန တို့ ပူပေါင်းဆောင်ရွက် သည့် ပဲစဉ်းငုံမျိုးယှဉ်ပြိုင်စမ်းသပ် စိုက်ပျိုးခြင်းကို မေလ ၂၈ရက် နေ့က ညောင်ဦးမြို့နယ် နပ္ပလင်ကျေးရွာ တွင် စိုက်ပျိုးရေးတက္ကသိုလ် နောက်ဆုံးနှစ် လုပ်ငန်းခွင်လက်တွေ့ ကွင်းဆင်း ကျောင်းသားများ နှင့် ဝန်ထမ်းများပူးပေါင်းဆောင်ရွက်ကြသည်။

အဆိုပါ ပဲစဉ်းငုံမျိုးယှဉ်ပြိုင်ကွက်တွင် ရေဆင်းသုတေသနမှ စမ်းသပ်ရန် ပဲစဉ်းငုံမျိုး ၅ မျိုးဖြစ်သည့် (MGPHL-15-1, MGPHL-15-3, MGPHL-15-4, ရေဆင်း ၅, မုံရွာရွှေဒင်္ဂါး)မျိုး များကို တောင်သူ ဦးသောင်းဝင်း ၏ ကွင်းအမှတ် ၁၆၂၆ တွင် စိုက်ပျိုးခဲ့ကြခြင်းဖြစ်ပြီး သီးညှပ်အဖြစ် ပဲတီစိမ်းကို စိုက်ပျိုးသွားမည်ဖြစ်ကြောင်း ၊ စိုက်ပျိုးရေးဦးစီးဌာန နှင့် စိုက်ပျိုးရေးသုတေသနဦးစီးဌာန တို့ ပူပေါင်းဆောင်ရွက်သော အဆိုပါ ပဲစဉ်းငုံ မျိုးယှဉ်ပြိုင် စမ်းသပ်ကွက်သည် ဒေသနှင့်ကိုက်ညီသည့်မျိုးရွေးချယ်နိုင်စေရန် ရည်ရွယ်ဆောင်ရွက်ခြင်း ဖြစ်ကြောင်း ညောင်ဦးစိုက်ပျိုးရေးမှ သိရှိရသည်။