စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန စိုက်ပျိုးရေးဦးစီးဌာန ၊ KOICA နှင့် ရာသီဥတုပြောင်းလဲမှုဗဟိုဌာန KCC Center တို့ပူးပေါင်းဆောင်ရွက်သည့် မြန်မာနိုင်ငံတွင် စွမ်းအားမြှင့်မီးဖိုများဖြန့်ဖြူးခြင်းစီမံကိန်း စတင်ခြင်းအလုပ်ရုံဆွေးနွေးပွဲ နှင့် စီမံကိန်းအကောင်အထည်ဖော်မည့်သူများ ညှိနှိုင်းဆွေးနွေးပွဲ အခမ်းအနား ကို မေလ ၁၆ ရက် နံနက် ၈ နာရီခွဲအချိန်က နေပြည်တော် ရေဆင်းရှိ AERDTC သင်တန်းကျောင်းခန်းမ၌ ကျင်းပပြုလုပ်ရာ စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးကျော်မင်းဦး တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားသည်။
အခမ်းအနားသို့ စီမံကိန်းဒေသများမှ တိုင်းဒေသကြီး ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ KOICA နှင့် ရာသီဥတုပြောင်းလဲမှုဗဟိုဌာန KCC Centerမှ တာဝန်ရှိသူများ၊ စီမံကိန်းအကောင်အထည်ဖော်မည့် အရာထမ်း အမှုထမ်းများတက်ရောက်ကြသည်။