သတင်းကဏ္ဍ ဦးစီးဌာနသတင်းများ

စျေးကွက်သတင်းအချက်အလက်စနစ် – Market Information System (MIS) သင်တန်း သင်တန်းဖွင့်လှစ်

စိုက်ပျိုးရေးဦးစီးဌာန သည် တောင်သူအပါအဝင် စိုက်ပျိုးထုတ်လုပ်မှုလုပ်ငန်းစဉ် တလျောက် တွင် ပါဝင်သူအားလုံးအတွက် အကျိုးရလဒ်ကောင်းများရရှိစေမည့် အစီအမံများနှင့် စျေးကွက်ဆိုင်ရာ အချက်အလက်စင်တာ သဖွယ်ဖြစ်စေရန်ရည်ရွယ်သော Market Information System တစ်ခု တည်ထောင်ရာတွင် စနစ်တကျရှိစေရေးနှင့် ထိရောက်မြန်ဆန်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် အတွက် စျေးကွက်သတင်းအချက်အလက်စနစ် – Market Information System (MIS) သင်တန်း ကို မေလ ၁၃ ရက် နံနက်ပိုင်းက နေပြည်တော် ရုံးအမှတ်၄၃ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ  စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲတင့်ထွန်း တက်ရောက်၍ အဖွင့်အမှာစကားပြောကြားသည်။

လျင်မြန်ထိရောက်သော စျေးကွက်သတင်းအချက်အလက်စနစ်တစ်ခုကို Pilot အဖြစ် စတင်ကျင့်သုံးနိုင်ရေးအတွက် ဦးစားပေးသီးနှံအဖြစ် ဆန်စပါးနှင့်ပဲမျိုးစုံကို ရွေးချယ်၍ Primary data ကို Questionnaires များနှင့်တကွ စနစ်တကျကောက်ယူသည်မှစ၍ စနစ်တကျ စာရင်းသွင်းခြင်း စသည့်သင်ခန်းစာများကို ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်၊ စိုက်ပျိုးစီးပွားပညာ ဌာန၊ ပါမောက္ခ ဒေါက်တာသိင်္ဂီမြင့် ဆွေးနွေးပို့ချသွားမည်ဖြစ်ကြောင်း၊ သင်တန်းတွင် တိုင်းဒေသကြီး/ပြည်နယ်အသီးသီးမှ (၂)ဦးစီ၊ တိုင်းဒေသကြီး/ပြည်နယ်ခွဲ (ရှမ်းမြောက်၊ ရှမ်းအရှေ့နှင့် ပဲခူးအနောက်) (၃)ခုမှ (၁)ဦးစီ၊ စီမံကိန်းရေးဆွဲစိစစ်သုံးသပ်ရေးဌာနခွဲ (ရုံးချုပ်)မှ သင်တန်းသား+နည်းပြအကူ(၇)ဦး စုစုပေါင်း (၄၀)ဦးတို့ တက်ရောက်လေ့လာလျက်ရှိသည်။

စျေးကွက် သတင်းအချက် အလက်စနစ် ToT သင်တန်းဆောင်ရွက်ခြင်းဖြင့် တိုင်းဒေသကြီး/ပြည်နယ်များတွင် ဆင့်ပွား သင်တန်းများ ဆက်လက်ပို့ချနိုင်ပြီး သင်တန်း တက်ရောက် ပြီးသော MIS Working group member များသည် ပထမဦးစွာ ရှေ့ပြေးအဖြစ် စိုက်ပျိုးရေးဦးစီးဌာန၏ စျေးကွက်သတင်းအချက်အလက်စနစ်ကို စတင်ကျင့်သုံးပြီးနောက် နိုင်ငံအဝှမ်းဆောင်ရွက်သွားခြင့်ဖြင့် စနစ်ကျ၍ ထိရောက်အကျိုးရှိသော စျေးကွက်သတင်း အချက်အလက်စနစ်ကို ရေရှည်အတွက်ဖော်ဆောင်နိုင်မည် ဖြစ်ကြောင်း ညွှန်ကြားရေးမှူး  ဦးထွန်းဝင်း က ပြောကြားသည်။

တိုင်းဒေသကြီး/ပြည်နယ်များ၏ စျေးကွက်သတင်းအချက်အလက်စနစ်ကို ဦးဆောင် ဆောင်ရွက်နိုင်ပြီး ခရိုင် MIS Working group member များအား ဆင့်ပွားသင်တန်း ပြန်လည်ပို့ချနိုင်သူများ ၊ Agricultural Economics အခြေခံရှိပြီး Microsoft Excel ကျွမ်းကျင်စွာ အသုံးပြုနိုင်သူ၊ Internet အသုံးပြု၍ ရုံးချုပ်သို့ data sharing လုပ်ပေးနိုင်သူ များကို သင်တန်းသားအဖြစ် စိစစ်ရွေးချယ်ခေါ်ယူခဲ့ခြင်းဖြစ်ကြောင်းသိရှိရသည်။