သတင်းကဏ္ဍ ဦးစီးဌာနသတင်းများ

စိုက်ပျိုးရေးသုတေသနဦးစီးဌာန (DAR) နှင့် Guangxi Academy of Agricultural Sciences (GXAAS) တို့ သုတေသနလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်မည်

စိုက်ပျိုးရေးသုတေသနဦးစီးဌာန (DAR) နှင့် Guangxi Academy of Agricultural Sciences (GXAAS) တို့သည် သုတေသန ပူးပေါင်းဆောင်ရွက်ရေးအတွက် နားလည်မှုစာချွန်လွှာကို ၂၀၁၈ခုနှစ် မေလ ၅ ရက်နေ့က လက်မှတ်ရေးထိုးခဲ့မှုအရ သုတေသနနှင့် နည်းပညာ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ရန်လည်းကောင်း၊ သုတေသီပညာရှင်များ နည်းပညာဖလှယ်ရေးအတွက် သင်တန်းများ၊ အလုပ်ရုံဆွေးနွေးပွဲများ ပူးပေါင်းဆောင်ရွက်ရေး အတွက်လည်းကောင်း၊ Guangxi Academy of Agricultural Sciences (GXAAS) မှ ဒုတိယညွှန်ကြားရေးမှူးချုပ် ၏ ဖိတ်ကြားချက်အရလည်းကောင်း တရုတ် – အာဆီယံ ဟင်းသီးဟင်းရွက်မျိုးသစ်များ စိုက်ပျိုးပြသပွဲသို့ တက်ရောက်ရန် တရုတ်နိုင်ငံ၊ ဂွမ်ရှီးပြည်နယ်၊ နန်နင်းမြို့တွင်ရောက်ရှိနေသည့် စိုက်ပျိုးရေးသုတေသနဦးစီးဌာန (DAR) ညွှန်ကြားရေးမှူးချုပ် ဒေါက်တာနိုင်ကြည်ဝင်း နှင့် စိုက်ပျိုးရေးဦးစီးဌာန (DOA) ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးလှမြင့်အောင်တို့ ခေါင်းဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့ သည် မေလ (၂၁) ရက်နေ့က Guangxi Academy of Agricultural Sciences (GXAAS) သို့ ရောက်ရှိခဲ့ကြသည်။

လေ့လာရေးခရီးစဉ်တွင် စိုက်ပျိုးရေးသုတေသနဦးစီးဌာနအနေဖြင့် အစားအစာ ဘေးကင်းလုံခြုံရေး (Food Safety) အတွက် သုတေသနပြု ဆောင်ရွက်မှုများတွင် အဓိက ကျသည့် ဓါတ်ခွဲခန်းသုံး HPLC နှင့် GCMS စက်များအား ကျွမ်းကျင်စွာကိုင်တွယ် အသုံးပြု နိုင်ရေးအတွက် လူငယ်စိုက်ပျိုးရေးသုတေသီများကို GXAAS သို့ စေလွှတ်၍ သင်တန်းများ တက်ရောက်ရေးအတွက်လည်းကောင်း၊ စိုက်ပျိုးရေးသုတေသနဦးစီးဌာနတွင် ဆောင်ရွက်မည့် သုတေသနလုပ်ငန်းများအား နိုင်ငံတကာအဆင့်မီ ဆောင်ရွက်နိုင်ရေးအတွက် GXAAS မှ အသိပညာရှင်၊ အတတ်ပညာရှင်များက အကြံဉာဏ်များပေးကာ ပူးပေါင်းဆောင်ရွက်ရေး အတွက်လည်းကောင်း၊ မြန်မာနိုင်ငံတွင် စပါးနှင့် ဆန်အရည်အသွေး ဖွံ့ဖြိုးတိုးတက်ရေးစင်တာ (Rice Quality Improvement Center) ထူထောင်နိုင်ရေးဆိုင်ရာကိစ္စရပ်များကိုလည်းကောင်း ဆွေးနွေးခဲ့ကြသည်။

စိုက်ပျိုးရေးသုတေသနဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် စိုက်ပျိုးရေးဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ်တို့ ဦးဆောင်သည့် ပညာရှင်များအဖွဲ့သည် GXAAS နှင့် Guangxi Plant Tissue Culture ကုမ္ပဏီတို့ ပူးပေါင်းကာ အစိုးရ၊ ပုဂ္ဂ္ဂ္ဂ္ဂ္ဂ္ဂ္ဂ္ဂလိကနှင့် ပြည်သူပူးပေါင်းဆောင်ရွက်မှု (Public- Private Partnership) ၏ အောင်မြင်မှုဖြစ်သည့် ငှက်ပျော၊ ကြံ၊ စပျစ်နှင့် ကြီးမြန်သစ်ပင် (ယူကလစ်) များအား အပင်တစ်သျှူး နည်းပညာဖြင့် စီးပွားဖြစ် ပွားများ ထုတ်လုပ်မှုများအား လေ့လာခဲ့ကြကြောင်း သိရှိရသည်။