နယ်သတင်းများ သတင်းကဏ္ဍ

ခမီတိုင်းရင်းသားများ အတွက် လက်တွန်းထွန်စက် (၁)စီးနှင့် တွဲဘက် အသုံးပြုနိုင် သော ထွန် / ထယ် ကိရိယာ အပြည့် အစုံအား လွှဲပြောင်းပေးအပ်

                   ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၊ မြောက်ချောင်းကျေးရွာ နေ ခမီတိုင်းရင်းသားများ အား လက်တွန်းထွန်စက် (၁)စီးနှင့် တွဲဘက် အသုံးပြုနိုင် သော ထွန် / ထယ် ကိရိယာ အပြည့် အစုံအား လွှဲပြောင်းပေးအပ်ပွဲအခမ်းအနားကို မေလ ၂၇ ရက်နေ့က အဆိုပါကျေးရွာ၌ ကျင်းပရာ စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန  ကိုယ်စား  ရခိုင်ပြည်နယ်၊ စက်မှုလယ်ယာဦးစီးဌာနမှူး ဦးတင်မောင်ကြည် က ဒေသခံ တိုင်းရင်းသား များထံ ပေးအပ်ခဲ့ကြောင်းသိရသည်။

                  လယ်ယာလုပ်ငန်းတွင် ထွန်ယက်ရေးဆောင်ရွက်ရန် အခက်အခဲ ဖြစ်ပေါ်နေ ပါသဖြင့် လက်တွန်းထွန်စက် (၁)စီး ပံ့ပိုးကူညီပေးနိုင်ပါရန် စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန သို့ တင်ပြလာသဖြင့် ဝန်ကြီးဌာန က လက်တွန်းထွန်စက် (၁)စီးနှင့် တွဲဘက် အသုံးပြုနိုင်သော ထွန် / ထယ် ကိရိယာ အပြည့် အစုံအား ပေးအပ် ခဲ့ခြင်းဖြစ်ကြောင်း၊ အဆိုပါ လက်တွန်းထွန်စက် အား မောင်းနှင် ထိန်းသိမ်းမှု သင်တန်း ကိုပါ တပါတည်း ပို့ချပေးခဲ့ခြင်းဖြစ်ကြောင်း  စက်မှုလယ်ယာဦးစီးဌာန က သတင်း ရရှိ သည်။