နယ်သတင်းများ သတင်းကဏ္ဍ

ကြို့ပင်ကောက်မြို့နယ် ဥက္ကံကျေးရွာ တွင် ရတနာတိုး မျိုးစပါး Rs to Cs မျိုးသန့်မျိုးပွားစိုက်ကွင်း စံကွက်ရိတ်သိမ်း

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့နယ်  ဥက္ကံကျေးရွာ တောင်သူ ဦးမြင့်သိန်း ၏ လယ်မြေဧက ၃၀ တွင် ရတနာတိုး မျိုးစပါး Rs to Cs မျိုးသန့်မျိုးပွားစိုက်ပျိုးထုတ်လုပ်ခဲ့ရာ အောင်မြင်စွာ ရင့်မှဲ့ပြီ ဖြစ်သည့်အတွက် စံကွက်ရိတ်သိမ်းခြင်းကို မေလ ၂၃ ရက် နံနက်ပိုင်းက ကျင်းပရာ စံကွက်ရိတ်သိမ်းပွဲသို့ ကြို့ပင်ကောက်မြို့နယ်  အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန ၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန၊ ဆည်မြောင်းနှင့်ရေအသုံးချရေးဦးစီးဌာန တို့မှ မြို့နယ်အဆင့်တာဝန်ရှိသူများ၊ တောင်သူများတက်ရောက်ခဲ့ကြသည်။

ဘော်ဘင်ဆည်ရေသောက်ဖြစ်သော အဆိုပါလယ်မြေတွင် မျိုးသန့်ထုတ်လုပ်သူများသမဝါယမ အသင်းဝင် ဖြစ်သူ တောင်သူ ဦးမြင့်သိန်း က ရတနာတိုးစပါးမျိုးကို Rs to Cs မျိုးသန့်မျိုးပွား စိုက်ပျိုး ခဲ့ခြင်းဖြစ်ပြီး ယနေ့စံကွက် ရိတ်သိမ်းမှုအရ စပါးအစို ၁၃၅ တင်း နှုန်းထွက်ရှိကြောင်း၊  မျိုးစပါး ဧက ၃၀ အား ၎င်းအပိုင် ရိတ်သိမ်းခြွေလှေ့စက်ဖြင့် ရိတ်သိမ်းပြီးဖြစ်ကြောင်း၊ စိုက်ပျိုးရေးဦးစီးဌာန က နည်းပညာ အကူအညီများ ဆောင်ရွက်ပေးခဲ့ပြီး ဒေသ၏စိုက်ပျိုးထုတ်လုပ်မှုတွင် မျိုးကောင်းမျိုးသန့်များ ဖူလုံစွာ သုံးစွဲနိုင်ရေးအတွက် စီးပွားဖြစ်မျိုးစေ့ထုတ်လုပ်ငန်းများဖွံ့ဖြိုးလာရေး ကြိုးပမ်းလျက်ရှိကြောင်း ကြို့ပင်ကောက်မြို့နယ်  စိုက်ပျိုးရေးဦးစီးဌာန က သတင်းရရှိသည်။