နယ်သတင်းများ သတင်းကဏ္ဍ

ကျိုက်မရောမြို့နယ် ၌ အဆင့်မြင့်အပ်ချုပ်စက်သင်တန်းဆင်းပွဲကျင်းပ

မော်လမြိုင်ခရိုင် ကျိုက်မရောမြို့နယ်ကျေးလက် ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာနက ကြီးမှူးဖွင့် လှစ်သောအသက်မွေးဝမ်းကျောင်းအထောက်အကူ ပြုအဆင့်မြင့် အပ်ချုပ်စက်သင်တန်းဆင်းပွဲကို ယနေ့နံနက်၁ဝနာရီ ကကျိုက် မရောမြို့ကျေး လက်ဒေသ ဖွံ့ဖြိုးတိုး တက်ရေးဦးစီး ဌာနသင်တန်းခန်းမ၌ပြု လုပ်သည်။

အခမ်းအနားတွင်မော်လမြိုင်ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနခရိုင်ဦးစီးမှူးဦးရဲဝင်းကသင်တန်းဆင်းအမှာစကားပြောကြားပြီးမြို့နယ်ဦးစီးမှူး
ဦးမင်းသန့်ဇော်ထွန်းကသင်တန်းဖွင့်လှစ်ပြီးစီးမှုအခြေအနေများအားရှင်းလင်းပြောကြားကာသင်တန်းဆင်းလက်မှတ်များနှင့်သင်တန်းတွင်ထူးချွှန်ဆုရရှိသည့်သင်တန်းသူများအားဂုဏ်ပြုဆုများကို ခရိုင်ဦးစီးမှူးနှင့် တာဝန်ရှိသူများက ဆုများအသီးသီးချီးမြှင့်ပေးခဲ့သည်အဆိုပါသင်တန်းသို့ကျေးရွာအတွင်းမှသင်တန်းသူ(၁၅)ဦးတက် ရောက်ခဲ့ပြီးသင်တန်းကာလမှာမေလ၁၂ရက်မှဇွန် ၁၁ရက်အထိတစ်လကြာသင်ကြားပို့ ချပေးခဲ့ ခြင်း ဖြစ်ကြောင်းသိရသည်။

ချိုမြတ်မြတ်ထွေး ( ကျိုက်မရော )