နယ်သတင်းများ သတင်းကဏ္ဍ

ကျန်စိမ့်ကျေးရွာ မြစိမ်းရောင် (အသားကဏ္ဍ) ကျေးရွာစီမံကိန်း အတွက် မွေးမြူရန် နွားများအား အမှတ်အသား ပြုလုပ်ပေးခြင်းနှင့် ရောဂါကာကွယ်ကုသခြင်းများ ဆောင်ရွက်

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ မွေးမြူရေးနှင့်ကုသရေး ဦးစီးဌာန စေတုတ္တရာ မြို့နယ် မွေးမြူရေးနှင့်ကုသရေး ဦးစီးဌာနမှ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် ကျန်စိမ့်ကျေးရွာ မြစိမ်းရောင် (အသားကဏ္ဍ) ရန်ပုံငွေကျပ်သိန်း (၃၀၀)ဖြင့် ဝယ်ယူ ဖြန့်ဖြူးပေးထားသော နွားအကောင်ရေ (၆၀)အား အမှတ်အသား ပြုလုပ်ပေးခြင်းနှင့်
ေရာဂါကာကွယ်ကုသခြင်း နယ်လှည့်ကွင်းဆင်း ဆောင်ရွက်ခြင်းကို ယနေ့နံနက် (၉)နာရီက ကျန်စိမ့်ကျေးရွာတွင် ပြုလုပ်ခဲ့သည်။

ထိုသို့ ဆောင်ရွက်ရာတွင် စေတုတ္တရာမြို့နယ် မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာနမှ လက်ထောက် ညွန်ကြားရေးမှူး ဒေါက်တာဖိုးကျော်မင်း ဦးဆောင်၍ ဒုတိယဦးစီးမှူး ဒေါက်တာ ဇော်မျိုးအောင်နှင့် ဝန်ထမ်းများသည် နွားမွေးမြူရန် အဆိုပြုထားသူ (၆၀) ဦးအား နွားမွေးမြူရေးဆိုင်ရာ အသိပညာပေးခြင်းနှင့် အမှတ်အသား ပြုလုပ်ပေးခြင်း တို့ကို ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

STL-iprd